Wednesday, June 12, 2013

တစ်ကမ္ဘာလုံးဆိုင်ရာ ကျောင်းတက်ခွင့် မရရှိသည့် ကလေးများအရေအတွက် ကျဆင်းလာ


ကမ္ဘာတစ်ဝန်းရှိ ကျောင်းတက်ခွင့် မရရှိကြသည့် ကလေးများ အရေအတွက်မှာ အနည်းငယ် ကျဆင်းမှု ရှိလာကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့က ဇွန် ၁၀ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်သည်။ ၂၀၁၁ ခုနှစ်အတွင်း ကျောင်းတက်ခွင့် မရရှိခဲ့သည့် ကလေးအရေအတွက်မှာ ၅၇ သန်းရှိခဲ့ပြီး ၂၀၁၀ ခုနှစ်အတွင်းက အရေအတွက် ၆၁ သန်းအောက် အနည်းငယ် လျော့ကျလာမှုရှိကြောင်း၊ ယင်းသည် ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်ရှိ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက် ပညာသင်ယူခွင့် ရရှိရမည်ဟူသော ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက် ပေါက်မြောက် အောင်မြင်စေနိုင်မည့် အထောက်အပံ့ကောင်း တစ်ခုဖြစ်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment