Sunday, June 30, 2013

အစ္စလာမ္မစ်ကွန်ရက်များကို ဂျာမန်ရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်း


အစ္စလာမ္မစ် စစ်သွေးကြွများ ကွန်ရက်ဟု မသင်္ကာဖွယ်ရာများကို ဂျာမန်ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ကြောင်း သတင်းများရရှိသည်ဟု အင်္ဂါနေ့တွင် ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။ သတင်းများအဆိုအရ ရဲတပ်ဖွဲ့သည် အကြမ်းဖက်လှုပ်ရှားမှုများအား ဘဏ္ဍာငွေ ထောက်ပံ့သည့် ငွေကြေးခ၀ါချမှုနှင့် အဝေးထိန်း ကစားစရာ လေယာဉ်ပျံတစ်ခုကို အသုံးပြု၍ တိုက်ခိုက်ရန် ကြံစည်လျက်ရှိသော သူများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံ တောင်ပိုင်းရှိ ဘာဘာရီယာ၊ ဘာဒင်ဝတ်တင်းဘဂ်ျနှင့် အရှေ့ပိုင်းရှိ ဘာဆိုနီမြို့များ၌ နေအိမ်ခန်းများနှင့် အဆောက်အအုံ အချို့ကို အင်္ဂါနေ့ စောစောပိုင်းတွင် ၀င်ရောက် စီးနင်းခဲ့သည်။ ဂျာမန် မီဒီယာများ၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့သည် စတုဂတ်တက္ကသိုလ်၌ ပျံသန်းရေးနှင့် အာကာသနည်းပညာ လေ့လာသင်ယူနေကြသော တူနီးရှား ဇာတိဖွားများကို အဓိက ပစ်မှတ်ထားလျက်ရှိသည်။ အဝေးထိန်း ကိရိယာဖြင့် ထိန်းချုပ်သည့် ကစားစရာ လေယာဉ်ပျံအား အသုံးပြု၍ အကြမ်းဖက် တိုက်ခိုက်ရန် အစီအစဉ်ကို စစ်ဆေးရာတွင် အထောက်အထား စာရွက်စာတမ်းများနှင့် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဘာသာရေး စစ်ပွဲအတွက် သုံးစွဲရန် တရားမ၀င် ငွေကြေးလွှဲပြောင်းခြင်းများကို ကနဦး စုံစမ်းစစ်ဆေးလျက်ရှိသည်။ စတုဂတ်၊ မြူးနစ်နှင့် ဒါချာအူမြို့များရှိ အနေအိမ်ခန်းများကို ရှာဖွေခဲ့သည်။ ဘာဆိုနီမှ အင်တာနက် ထောက်ပံ့သူတစ်ဦးကိုလည်း ပစ်မှတ်ထားသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment