Thursday, June 6, 2013
သူဌေးသူကြွယ် အများဆုံးရှိသော နိုင်ငံများစာရင်း ထုတ်ပြန်
ကမ္ဘာပေါ်တွင် သန်းကြွယ်သူဌေး များစွာရှိသော နိုင်ငံဒေသများတွင် အစ္စရေးနိုင်ငံသည် ထိပ်တန်း ၁၀ နိုင်ငံစာရင်း၌ ပါဝင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးနှင့် စီးပွားရေးဝန်ဆောင်မှု ကုမ္ပဏီအုပ်စုက ထုတ်ပြန်သည်။ နိုင်ငံ့လူဦးရေ၏ အချိုးအရ သန်းကြွယ်သူဌေး အများဆုံးရှိနေသော နိုင်ငံများစာရင်းတွင် အစ္စရေးနိုင်ငံသည် နံပါတ် ၁၀ ချိတ်ကြောင်း၊ ၂၀၁၂ ခုနှစ် စာရင်းဇယားတွင် လူဦးရေ ရှစ်သန်းသာရှိသော အစ္စရေးနိုင်ငံသည် သန်းကြွယ်သူဌေးဦးရေ ၈၄၀၀၀ ရှိကြောင်း ၄င်းအုပ်စုက ဆိုသည်။ အဆိုပါ အုပ်စုက ထုတ်ပြန်သော ကမ္ဘာ့ကြွယ်ဝမှု ၂၀၁၃ ခုနှစ် သတင်းထုတ်ပြန်ချက်တွင် သူဌေးသူကြွယ် အများဆုံးရှိသည့် နိုင်ငံသည် ကာတာနိုင်ငံဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်းနေ ပြည်သူ ၁၄ ဒသမ ၃ ရာခိုင်နှုန်းသည် သန်းကြွယ်မီလျံနာသူဌေး စာရင်းဝင်ဖြစ်ကြောင်း၊ ကာတာလူဦးရေ နှစ်သန်းတွင် ၅၀၀၀၀ ခန့်သည် သန်းကြွယ်သူဌေးများဖြစ်ကြောင်း ဖော်ပြသည်။ ကာတာနိုင်ငံပြီးလျှင် စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သော နိုင်ငံများမှာ ဆွစ်ဇာလန်၊ ကူဝိတ်၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံများ ဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment