Saturday, June 15, 2013

ရှာရဲလ်ကို ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့ပြီဟု ချယ်လ်ဆီး ကြေညာ


ချယ်လ်ဆီး အသင်းသည် ကာလရှည်ကြာ ချိတ်ဆက်နေသည့် ဘေယာလေဗာကူဆင် တိုက်စစ်မှူး အန်ဒရီ ရှာရဲလ်အား ခေါ်ယူရေး ကိစ္စကို အပြီးသတ် အောင်မြင်နိုင်ခဲ့ပြီဟု သိရှိရသည်။
ဟိုဆေးမော်ရင်ဟို စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ မန်နေဂျာအဖြစ် ပြန်ရောက်လာခြင်းကြောင့် ဂျာမန် လက်ရွေးစင် ကစားသမားအား ဝယ်ယူရန် ကြိုးပမ်းမှုများ အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုများ ရှိခဲ့သည့်တိုင် ယခုအခါတွင်မူ ကလပ်အသင်း နှစ်ခုကြား ညှိနှိုင်းမှု အားလုံး အဆင်ပြေ ပြီးပြတ်သွားပြီ ဖြစ်သည်။ ချယ်လ်ဆီး အသင်းက ၎င်းတို့သည် ရှာရဲလ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ကာ ဆေးစစ်မှု အောင်မြင်ရန်နှင့် အခြား ပုဂ္ဂိုလ်ရေး အချက်အလက် ဆွေးနွေးမှု အချို့သာ ကျန်ရှိတော့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အသက်(၂၂)နှစ်ရှိ ကစားသမားနှင့် ပတ်သက်၍ လန်ဒန်ကလပ်က "ချယ်လ်ဆီးနဲ့ လေဗာကူဆင်တို့ဟာ ရှာရဲလ်ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပါပြီ။ တရားဝင် စာရွက်စာတန်း ကိစ္စ တချို့နဲ့ ဆက်စပ် အခြေအနေလေး တချို့ကို ဖြေရှင်းဖို့တော့ ကျန်ပါသေးတယ်။ ပြီးတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် တချို့နဲ့ ဆေးစစ်အောင်မြင်ဖို့လည်း ကျန်သေးတယ်" ဟု ကြေညာခဲ့သည်။ ရှာရဲလ်သည် မော်ရင်ဟို၏ ချယ်လ်ဆီး မန်နေဂျာဘဝ ဒုတိယအကြိမ်တွင် ပထမဆုံး တရားဝင် စာချုပ်မည့် ကစားသမား ဖြစ်လာရန် နီးစပ်နေသည်။ လေဗာကူဆင်သည် ရှာရဲလ်ကို လက်လွှတ်ပြီးနောက် ဟမ်းဘာ့ဂ်အသင်းမှ တောင်ကိုရီးယား တိုက်စစ်မှူး ဟောင်မင်ဆွန်းကို ခေါ်ယူရန် ကြိုတင် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment