Wednesday, July 3, 2013

သောကြာဂြိုဟ်ပေါ်တွင် ထူးခြားစွာ လေပြင်းများတိုက်ခတ်


သောကြာဂြိုဟ်ပေါ်တွင် လေပြင်းများ တိုက်ခတ်လျက်ရှိကြောင်း၊ ယင်းလေပြင်းများ တိုက်ခတ်နေမှုသည် လွန်ခဲ့သည့် ခြောက်နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ကြောင်း ဥရောပအာကာသ အေဂျင်စီမှ စေလွှတ်ထားသော သောကြာဂြိုဟ် လေ့လာရေးယာဉ်က ပေးပို့သော အချက်အလက်နှင့် ဓာတ်ပုံများအရ ဥရောပအာကာသ အေဂျင်စီက ပြောကြားသည်။ လေ့လာရေးယာဉ်က ပေးပို့သော သတင်းအချက်အလက်နှင့် ဓာတ်ပုံများအရ သောကြာဂြိုဟ်ပေါ်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၈ဝ ကီလိုမီတာခန့် ရှိကြောင်း၊ သောကြာဂြိုဟ်ပေါ်ရှိ အခိုးအငွေ့များ ရွေ့လျားမှုသည် တစ်နာရီ ကီလိုမီတာ ၆ဝ ခန့်ရှိကြောင်း ဥရောပအာကာသ အေဂျင်စီမှ သုတေသန ပညာရှင်များက ပြောကြားသည်။ ဥရောပအာကာသ အေဂျင်စီ (အီဆာ)က သောကြာဂြိုဟ် လေ့လာရေးယာဉ်ကို လွန်ခဲ့သည့် ခြောက်နှစ်ခန့်က လွှတ်တင်ထားခြင်းဖြစ်ပြီး သောကြာဂြိုဟ်၏ ထူးခြားမှုဖြစ်စဉ်များကို မပြတ်တမ်း လေ့လာကာ မြေပြင်စခန်းသို့ သတင်းအချက်အလက်နှင့် ဓာတ်ပုံများ ပေးပို့နေခြင်း ဖြစ်သည်။ ယခုအခြေအနေအတိုင်း လေပြင်းများ ဆက်လက် တိုက်ခတ်နေပါက မကြာမီ အချိန်ကာလအတွင်း သောကြာဂြိုဟ်ပေါ်တွင် တစ်နာရီ ကီလိုမီတာ ၃ဝဝ နှုန်းခန့်အထိ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း အီဆာ၏ အာကာသ သုတေသန ပညာရှင်များက သုံးသပ်လျက်ရှိသည်။ (အင်တာနက်)

No comments:

Post a Comment