Friday, July 5, 2013
ဘိုလီးဗီးယားသမ္မတ၏ ဂျက်လေယာဉ်ကို ဥရောပနိုင်ငံများက ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့
ဘိုလီးဗီးယားသမ္မတ၏ ဂျက်လေယာဉ်ကို ဥရောပနိုင်ငံများက ၄င်းတို့၏ လေကြောင်းပိုင်နက် အတွင်းသို့ ၀င်ရောက်ခွင့်ပေးရန် ငြင်းဆန်ခြင်းအတွက် ယင်းနိုင်ငံက ဒေါသတကြီး ပြစ်တင်ရှုတ်ချလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၃ ရက်တွင် သတင်းထုတ်ပြန်သည်။ အမေရိကန် ၀ရမ်းပြေး အက်ဒွပ်စနိုဒင်သည် ဘိုလီးဗီးယားသမ္မတ၏ ဂျက်လေယာဉ်နှင့်အတူ လိုက်ပါလာသည်ဟု ယူဆကာ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်နှင့် အီတလီနိုင်ငံတို့က ၄င်းတို့၏ ပိုင်နက်ဝေဟင်အတွင်း ယင်းလေယာဉ် ဖြတ်သန်းမှုကို ပိတ်ပင်တားမြစ်ခဲ့ကြောင်း ဘိုလီးဗီးယား အစိုးရက ပြောကြားသည်။ ဘိုလီးဗီးယားသမ္မတ အီဗိုမိုရာလက်စ်သည် ရုရှားနိုင်ငံ မြို့တော်မော်စကိုမှ ၄င်း၏ နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လာချိန်တွင် လေကြောင်းပိတ်ဆို့မှုနှင့် တွေ့ကြုံရသဖြင့် သြစတြီးယားနိုင်ငံ ဗီယင်န်ာမြို့သို့ လမ်းကြောင်းပြောင်းကာ ပျံသန်းခဲ့ရသည်။ စနိုဒင်သည် အမေရိကန်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုဖြင့် ၄င်းအား တရားစွဲဆိုနိုင်ရန် အမေရိကန်အစိုးရက ကြိုးပမ်းနေချိန်တွင် အထက်ဖော်ပြပါဖြစ်ရပ် ပေါ်ပေါက်ခြင်းဖြစ်သည်။ သမ္မတ၏ ဂျက်လေယာဉ်ပေါ်တွင် စနိုဒင် လိုက်ပါလာခြင်းရှိ၊ မရှိ ရှာဖွေ စစ်ဆေးမှုကိုလည်း ခံခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြသည်။ သို့ရာတွင် ယင်းလေယာဉ်ပေါ်၌ စနိုဒင်လိုက်ပါလာခြင်း မရှိကြောင်း သြစတြီးယားနှင့် ဘိုလီးဗီးယား တာဝန်ရှိသူများက ပြောကြားသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment