Thursday, July 11, 2013

ငွေကြေးခ၀ါချသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းကို ရုရှားရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ပြီ


ရုရှားနိုင်ငံ၌ လူပေါင်း ၄၀၀ ကျော် ပါဝင်ပတ်သက်နေသော ငွေကြေးခ၀ါချမှု အရှုပ်တော်ပုံ တစ်ရပ်ကို ရဲတပ်ဖွဲ့က ဖော်ထုတ်လိုက်နိုင်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ ကူးသန်းရောင်းဝယ်ရေး ဘဏ်အချို့၊ ရုရှားနှင့် နိုင်ငံခြားကုမ္ပဏီ ၁၀၀ ခန့်သည် ငွေကြေးခ၀ါချသူများအတွက် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအထိကို နိုင်ငံပြင်ပသို့ လွှဲပြောင်းပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြကြောင်း ရုရှားပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။ ဆိုက်ပရပ်နှင့် ဘောလ်တစ်နိုင်ငံများ၌ အိမ်ရာခြံမြေများ ၀ယ်ယူရာတွင် ခ၀ါချထားသော ငွေကြေးများကို အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဒုစရိုက်ဂိုဏ်းဖွဲ့ လှုပ်ရှားမှုကို ငါးနှစ်ကျော်မျှ လုပ်ဆောင်ခဲ့ရာတွင် ရုရှားနိုင်ငံ၏ ပြင်ပသို့ ငွေကြေးများ လွှဲပြောင်းပေးခြင်းမှ အကျိုးအမြတ် နှစ်ရာခိုင်နှုန်း (ဒေါ်လာ ၁၇ ဒသမ ၃ သန်းခန့်) ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ငွေကြေးခ၀ါချသည့် ဂိုဏ်း၏ ခေါင်းဆောင်များဖြစ်သည်ဟု ယူဆရသူ ခုနစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့က ရှာဖွေမှု ၈၅ ကြိမ်ပြုလုပ်ခဲ့ရာတွင် ငွေကြေးဒေါ်လာ သန်း ၃၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။ 
(ရိုက်တာ)
khitlunge

No comments:

Post a Comment