Friday, July 5, 2013

အင်ဒိုနီးရှား အာချေးပြည်နယ်၌ ငလျင်လှုပ်၊ အနည်းဆုံး လူ ၂၂ ဦးသေဆုံး


အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၌ အင်အား ၆ ဒသမ ၁ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်လှုပ်ခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ဇူလိုင် ၃ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ အဆိုပါ ငလျင်သည် ဇူလိုင် ၂ ရက်က ဆူမတြားကျွန်း အနောက်ပိုင်းကို ရိုက်ခတ်ခဲ့ပြီး အခြားလူ ၂ဝဝ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း တာဝန်ရှိသူများက ပြောသည်။ အာချေးအလယ်ပိုင်း၌ ဗလီတစ်လုံးပြိုကျခဲ့စဉ် ကလေးခြောက်ဦး သေဆုံးပြီး ၁၄ ဦး ပိတ်မိနေဆဲဖြစ်ကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်အများဆုံး လှုပ်ရှားသည့် နိုင်ငံဖြစ်သည်။ လူ ၂၁ဝ ဒဏ်ရာ ရရှိရာတွင် ယခုအထိ သေဆုံးသူ ၂၂ ဦး ရှိသွားပြီဖြစ်သည်။ ထောင်ပေါင်းများစွာသော နေအိမ်များပြိုကျ ပျက်စီးသွားကြောင်း သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပူယာဝိုနူဂရိုဟိုက ပြောကြားသည်။ မိမိတို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် ပြိုကျဗလီ၏ အုတ်ကျိုးအုတ်ပဲ့များ အောက်တွင် ကလေး ၁၄ ဦးခန့် ပိတ်မိနေသည်ကို ကယ်တင်ရန် ရုန်းကန်ကြိုးစားနေကြရကြောင်း အာချေးအလယ်ပိုင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူ ဆက်ဟမ်းဆာဟာရက ပြောကြားသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment