Thursday, July 11, 2013

အမ်းမရိတ်စ်တွင် ပြိုင်ဘက်များ ခန့်ညား လေးစားရသည့် အရှိန်အဝါမျိုး အာဆင်နယ်တွင် လိုအပ်နေဟု ဝဲလ်ကော့တ် သုံးသပ်


အာဆင်နယ် အနေဖြင့် အမ်းမရိတ်စ် ကွင်းကြီးတွင် ပြိုင်ဘက်များအား ယခုထက် ပိုမို အဟန့်ကောင်းစွာ ယှဉ်ပြိုင်ရန် လိုအပ်နေပြီဟု သီအိုဝဲလ်ကော့တ်က ပြောကြားလိုက်သည်။
အင်္ဂလန် လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးက အသင်းအနေဖြင့် (၈)နှစ်ကြာ ဖလားလက်မဲ့ ဖြတ်သန်းမှုကို အဆုံးသတ်ရန် အတွက် အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားသည့် အင်အားစု တစ်ခု အနေဖြင့် ရပ်တည်ပြရန် အရေးကြီးကြောင်း သုံးသပ်ခဲ့သည်။ မန်နေဂျာ အာစင်ဝင်းဂါး၏ အသင်းသည် ကာလရှည်ကြာ အောင်မြင်မှုများ ကင်းကွာနေခြင်းကြောင့် ဖိအားများစွာနှင့် ရင်ဆိုင်နေရသည်။ သို့သော်လည်း ပြီးခဲ့သည့် ရာသီသိမ်းကာလက (၁၀)ပွဲဆက် အရှုံးမရှိ ဖြတ်သန်းက ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို အရယူနိုင်ခဲ့သည်။
ဝဲလ်ကော့တ်က "တချို့ အခြေအနေတွေက အရမ်းကို စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ မနှစ်က ရာသီသိမ်းချိန် ဖြတ်သန်းမှုမျိုးကို ရာသီအစကတည်းက ကျွန်တော်တို့ လုပ်ဆောင်ပြခဲ့သင့်တယ်"ဟု Sky Sports သို့ ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော်တို့ အနေနဲ့ အစကတည်းက အရှိန်တင် ကြိုးစားရမယ်။ အဲဒီ ကာလကို သတိရနေရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အသင်းဟာ အရာရာကို စိန်ခေါ်နိုင်စွမ်း ရှိနေလို့ပါ။ အသင်းတိုင်းကို ကျွန်တော်တို့ အနိုင်ယူနိုင်တယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ ပြိုင်ဘက်တွေ ကြောက်ရွံ့ရတဲ့ အသင်းဖြစ်ဖို့တော့ လိုပါတယ်။ အထူးသဖြင့် အမ်းမရိတ်စ်မှာပေါ့" ဟုလည်း သုံးသပ် သွားခဲ့သည်။ 
Ref: Sky Sports
soccer myanmar

No comments:

Post a Comment