Friday, July 5, 2013

နာနီကို ဂါလာတာဆာရေး၊ မိုနာကိုတို့နှင့် အပြိုင် ကမ်းလှမ်းရန် ရိုးမား စိတ်ဝင်စားလာ


မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ်နာနီကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် အီတလီ စီးရီးအေ ကလပ် ရိုးမားလည်း ပါဝင်လာပြီ ဖြစ်သည်။
ပြင်သစ် တန်းတက်ကလပ် မိုနာကိုနှင့် တူရကီ ထိပ်သီး ဂါလာတာဆာရေးတို့သည် ပေါ်တူဂီ လက်ရွေးစင် တောင်ပံ ကစားသမားနှင့် ယူနိုက်တက်တို့ကြား စာချုပ်သစ်ကိစ္စ ဆွေးနွေးမှု အဆင်မပြေ ဖြစ်နေသော အခြေအနေကို စောင့်ကြည့်လျှက် ရှိသည်။ နာနီသည် အသင်းတွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့ပြီး အကယ်၍ ၎င်းကို ရောင်းထုတ်ဖြစ်ပါက ပေါင်စတာလင် (၁၂)သန်း ဝန်းကျင်မျှ ကမ်းလှမ်းမှုကို အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက မျှော်လင့်လျှက် ရှိသည်။
ယခုအခါ ဂါလာတာဆာရေးနှင့် မိုနာကိုတို့ကို ရိုးမားကပါ ဝင်ရောက် ယှဉ်ပြိုင်လာမည့် အလားအလာ ရှိနေသည်။ မိုနာကိုသည် နာနီအတွက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရန်ပင် အသင့်အနေအထား ပြင်ဆင်ထားပြီဟု သတင်းများ ထွက်ပေါ်လျှက် ရှိသည်။ မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်၏ စီမံကိန်းတွင် နာနီသည် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာဖွယ် မရှိခြင်းကလည်း ကစားသမား အတွက် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရန် ပိုမို ဖိအားများလာစေဖွယ် ရှိနေသည်။ နာနီသည် ပြီးခဲ့သည့် ရာသီကလည်း ဒဏ်ရာ ပြဿနာများကြောင့် အသင်း၏ ပွဲစဉ် အများအပြားနှင့် လွဲချော်ခဲ့သည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment