မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
အဆိုပါ သုတေသနကို ကျန်းမာရေး ၀န်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန
(အောက်မြန်မာပြည်)၊ ဓာတုအဆိပ် သုတေသနဌာနနှင့် ရန်ကုန်၊ မန္တလေးတိုင်း
ဒေသကြီးရှိ စည်ပင်သာယာရေး ကော်မတီ၊ အမျိုးသား ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ကော်မရှင်တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
လေထုညစ်ညမ်းမှု ပမာဏ တိုင်းတာရာတွင် ရန်ကုန်နှင့်မန္တလေး တိုင်းဒေသကြီး
အတွင်းရှိ စီးပွားရေး အချက်အချာကျသည့်ဇုန်များ၊ စက်မှုဇုန်များနှင့်
လူနေအိမ်ခြေ ထူထပ်သည့် ဧရိယာ များရှိ လေထု ကို လေစုပ်စက်ဖြင့်
စုပ်ယူစစ်ဆေးခြင်းဖြစ်ပြီး လေထုများရှိ အမှုန်အမွှားများ၊ ဓာတ်ငွေ့စသည်တို့၏
ပါဝင်မှုပမာဏကို တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ပတ်ဝန်းကျင်လေထု အရည်အသွေးကို စစ်တဲ့နေရာမှာ လေထုထဲမှာ ပါဝင်တဲ့
အမှုန်အမွှားတွေကို အပိုင်းနှစ်ပိုင်းခွဲပြီး စစ်ခဲ့တယ်။ စစ်ဆေးမှု ရလဒ်တွေအရ
အဲဒီမြို့တွေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ပမာဏထက် အနည်းငယ်
ကျော်လွန်နေတာကို တွေ့တယ်။ ဒါပေမဲ့ အခြား အိမ်နီးချင်း နိုင်ငံတွေမှာရှိတဲ့
မြို့တွေရဲ့ လေထု ညစ်ညမ်းမှုနဲ့ ယှဉ်ရင်တော့ အခုပမာဏက နည်းပါ တယ်။ နောက်
လေထုထဲက ဓာတ်ငွေ့ပါဝင်မှုကိုလည်း ထည့်သွင်း စစ်ဆေးခဲ့ပေမယ့် သူကတော့
သတ်မှတ်ပမာဏ အောက်မှာပဲ ရှိပါသေးတယ်'' ဟု ဆေးသုတေသန ဦးစီးဌာန
(အောက်မြန်မာပြည်)၊ ဓာတုအဆိပ် သုတေသနဌာနမှ ဒေါ်ခိုင်သင်းနိုင်က
ပြောကြားခဲ့သည်။
ပတ်ဝန်းကျင်လေထု အရည်အသွေး ပမာဏကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ
သတ်မှတ်ရာတွင် လေထု အတွင်း ဖုန်မှုန့်ပါဝင်မှုအတိုင်း အဆ TSPM 100 mg/m3 နှင့်
PM10 70 mg/m3 ပမာဏအတွင်းသာ ရှိရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
EMG

No comments:
Post a Comment