Wednesday, January 22, 2014
မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင် သေနက်ပစ် အနုကြမ်းစီးခံရ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ
မိုးကုတ်မြို့ အောင်ချမ်းသာ ရပ်၊ ပတ္တမြားဈေး အတွင်းရှိ ရွှေဆိုင်နှစ်ဆိုင် သေနက်ပစ်ခက် အနုကြမ်း စီးခံ ရပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရှိ ခဲ့ကြောင်း မိုးကုတ်မြို့မရဲစခန်းမှ သတင်း ရရှိသည်။
ဖြစ်ပွားပုံမှာ လူခြောက်ဦးခန့်မှ ဆိုင်ကယ် သုံးစီးဖြင် လာရောက်ခဲ့ပြီး ဆိုင်ကယ်အား ဈေးအပြင် တစ်နေ ရာတွင် ထားကာ ဈေးအတွင်းရှိ နဂါးရွှေဆိုင်သို့ သေနက်ဖြင့် ပစ်ခက်ခြိမ်းခြောက်ကာ အသင့်ပါလာသော တူ ဖြင့် ရွှေထည့် ထားသော မှန်ကောင်တာများအား ရိုက်ခွဲကြောင်း အသင့် ပါလာသော အိတ်ထဲသို့ ထဲ့ခဲ့ပြီး မျက်နှာချင်း ဆိုင် ဖြစ်သည့် မီလျှံ ရွှေဆိုင်မှာ မှန်ကောင်းတာ များအား အလားတူ ရိုက်ခွဲကာ အိတ်ထဲသို့ ထည့်ခဲ့ကြောင်း ထို့ နောက် ပြန်အထွက်တွင် သေနပ်ဖြင့် ရမ်းသမ်း ပစ်ခက် သောကြောင့် ၀န်ထမ်း အသက်လေးဆယ် ခန့် အမျိုးသား တစ်ဦး၏ ရင်အုံသို့ ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မီလျှံရွှေဆိုင်ပိုင်ရှင်၏ သမက်မှာ ပေါင်ခြံသို့ ထိမှန်၍ မိုးကုတ်မြို့နယ် ဆေးရုံသို့ ပို့ဆောင် ကုသ ထားကြောင်း မိုးကုတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် နိုင်ဝင်းက ပြောသည်။
Popular News

No comments:
Post a Comment