Wednesday, January 22, 2014

မာတာကို ကမ်းလှမ်းသည့် သတင်းများအား မန်ချက်စတာ ယူနိုက်တက် ငြင်းဆို

ချယ်ဆီး ကွင်းလယ် တိုက်စစ် ကစားသမား ဂျူအန်မာတာ အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည့် သတင်းဖော်ပြချက် များအား မန်ချက်စတာ ယူနိုက်တက်က ငြင်းဆို သွားခဲ့သည်။
 အင်္ဂါနေ့က သတင်းဖော်ပြချက်များတွင် ယူနိုက်တက်သည် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် မပျော်မရွှင် ဖြစ်နေသည့် စပိန် ကစားသမား အတွက် ပေါင် ၃၇ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ကြသည်။
သို့သော်လည်း ယူနိုက်တက်က အသင်း အနေဖြင့် မာတာအတွက် မည်သည့် တရားဝင် ကမ်းလှမ်းမှုကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း Goal ထံ ပြောကြား သွားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကမ်းလှမ်းရန် စီစဉ်ခြင်း ရှိမရှိကိုမူ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ဒေးဗစ်မိုယက်စ်သည် ဇန်နဝါရီတွင် အသင်း လူအင်အား ဖြည့်တင်းရန် အတွက် စုံစမ်းမှုများ ပြုလုပ်နေပြီး လွန်ခဲ့သည့် ရက်များကလည်း ဂျူဗင်တပ်စ်၊ နာပိုလီနှင့် ပီအက်စ်ဂျီ အသင်းများသို့ သွားရောက်ခဲ့သည်။

ထိုသို့ ကစားသမားများ၏ ကစားပုံကို သွားရောက်ကြည့်ရှု ခဲ့ပြီးနောက် စကော့တလန် မန်နေဂျာက ဂျူဗင်တပ်စ် ကစားသမား ကလော်ဒီယို မာချီစီယိုကို စိတ်ဝင်စားခဲ့ကြောင်း Goal မှ ဖော်ပြခဲ့သည်။

ယူနိုက်တက်သည် လာမည့် ကစားသမား အပြောင်းအရွှေ့ရာသီ နှစ်ခုအတွက် ပေါင် သန်း ၁၅၀ သုံးစွဲခွင့်ပေးထားပြီး အက်သလက်တီကို အသင်းမှ ကိုကီကိုလည်း စာချုပ်သစ် မချုပ်မီ ခေါ်ယူနိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှ အာဆင်နယ်နှင့် ၁၄ မှတ်ကွာဟနေသည့် ယူနိုက်တက်သည် ဘိုရပ်ရှားဒေါ့မွန် ကစားသမားများဖြစ်သည့် ဂန်ဒိုဒန်နှင့် ရုစ်အပြင် ပီအက်စ်ဂျီ ကစားသမားများ ဖြစ်သည့် မာတူဒီနှင့် ကာဗာနီတို့ကိုလည်း စိတ်ဝင်စားလျက် ရှိကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။


Ref:Goal
Soccer Myanmar

No comments:

Post a Comment