Tuesday, January 21, 2014
ပီအက်စ်ဂျီမှ ထွက်ခွာမည်မဟုတ်ကြောင်း သီယာဂိုဆေးလ်ဗား ပြောကြား
မိမိသည် ပီအက်စ်ဂျီမှ ထွက်ခွာရန် ရည်ရွယ်ထားခြင်း မရှိကြောင်း၊ စာချုပ်သက်တမ်း ကုန်ဆုံးမည့် ၂၀၁၈ ခုနှစ်အထိ အသင်းတွင် ဆက်လက်ကစားရန် ရည်ရွယ်ထားကြောင်း သီယာဂိုဆေးလ်ဗားက ပြောကြားခဲ့သည်။
ဘရာဇီးလ် နောက်ခံ ကစားသမားသည် ပြီးခဲ့သည့် နွေရာသီက လီဂူးဝမ်း ချန်ပီယံနှင့် စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သော်လည်း အပြောင်းအရွှေ့ကာလ အတွင်း အခြား ထိပ်တန်းအသင်းများသို့ ပြောင်းရွှေ့ရန် ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း အသက် ၂၉ နှစ်အရွယ် သီယာဂိုက “ကျွန်တော် အသင်းမှာ ဆက်ရှိနေမှာပါ။ နည်းပြနဲ့ရော အသင်းဥက္ကဋ္ဌနဲ့ပါ ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် ဒီမှာ စာချုပ်သက်တမ်း ကုန်တဲ့အထိ ရှိနေမှာပါ။ အီဗရာမိုဗစ်ကလည်း ကျွန်တော့်ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
သီယာဂိုဆေးလ်ဗားသည် ယခုနှစ် ဘောလုံးရာသီတွင် ပီအက်စ်ဂျီ၏ ခံစစ်ပိုင်း၌ အရေးပါသည့် ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး FifaPro ၏ အကောင်းဆုံး ကစားသမား ၁၁ ယောက်တွင်လည်း ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။
Ref:goal
Soccer Myanmar

No comments:
Post a Comment