Wednesday, January 22, 2014

အင်တာ ကစားသမား ပီရဲရား ဆော်ပေါ်လိုသို့ အငှားဖြင့် ပြောင်းရွှေ့

အင်တာမီလန် ကစားသမား အယ်လ်ဗာရို ပီရဲရားကို ၁၈ လ အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ဆော်ပေါ်လိုက အတည်ပြု ကြေညာခဲ့သည်။
ဥရုဂွေး လက်ရွေးစင် ကစားသမားသည် အင်တာမီလန် မန်နေဂျာ ဝေါလ်တာ မာဇာရီ လက်အောက်တွင် စီးရီးအေ ၅ ပွဲသာ ကစား ခဲ့ရသောကြောင့် ပုံမှန် ပွဲထွက်ခွင့် ရရှိမည့် အသင်း တစ်ခုခုထံသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့ကြောင်း သိရသည်။
ပီရဲရားကို မာဆေးလ် အသင်းက ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းက ကမ္ဘာ့ဖလား မျှော်လင့်ချက်ကြောင့် ဆော်ပေါ်လိုသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဆော်ပေါ်လိုမှာ ကစားရမယ့် အတွက် အရမ်းကို ကျေနပ်မိပါတယ်။ ဒီအသင်းမှာ ကစားရတာ စိန်ခေါ်မှုတွေ များတယ် ဆိုပေမယ့် ဥရုဂွေး ကစားသမားတွေရဲ့ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ကြိုးပမ်း သွားမှာပါ။ ဒီလို ခမ်းနားကြီးကျယ်တဲ့ အသင်းကို ပြောင်းရွှေ့ရတာဟာ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါ” ဟု ပီရဲရားက ပြောကြားခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ပီရဲရားသည် ၎င်း၏ ကစားသမားဘဝကို မီရာမာ အသင်းတွင် စတင်ခဲ့သူ ဖြစ်ပြီး ၂၀၁၂ ခုနှစ်က အင်တာသို့ မပြောင်းရွှေ့မီ ကွီမက်စ်၊ အာဂျင်တီနော့စ်ဂျူနီယာ၊ ခလုခ်ျနှင့် ပေါ်တိုအသင်းတို့တွင် ကစားခဲ့သူ ဖြစ်သည်။


Ref:Goal
Soccer Myanmar

No comments:

Post a Comment