Tuesday, February 4, 2014

31.1.2014 to 6.2.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း


တနင်္ဂနွေ
စိတ်မြန်၏။ ဇွဲကောင်း၏။ ရည်ရွယ်ချက်များ၏။ လွတ်လပ်မှုလိုလား၏။ ရည်ရွယ်ချက် အတိုင်း အောင်မြင်မည်။ ငွေဝင်မည်။ စက်ပစ္စည်း အပြောင်းအလဲ ဖြစ်မည်။ စာမေးပွဲ အောင်မြင်မည်။ ခရီးယာယီ သွားဖြစ်မည်။ ရုတ်တရက်ခိုက်မိတတ်သည်။ လက်ဆောင်ရမည်။ ရာထူးတက် ၊ လစာတိုးမည်။အချစ်ရေးကောင်းသည်။ လက်ထပ်ဖြစ်မည်။
အကျိုးပေးဂဏန်း - ၁၊၄၊၆။
အထူးဟော - အောင်မြင်မည်။
ယတြာ - အုန်းဆွမ်း နှင့် ဘယာကြော် (၆) ခုကို အိမ်ဘုရားကပ်လှူပါ။

တနင်္လာ
စိတ်တွေရှုပ် နေမည်။ အရာရာ မှာ မပြီးပြတ်မှု တွေ ဖြစ်နေမည်။ ဆောင်ရွက်မှု တွေ များခြင်းကြောင့် ငွေ ကြေး အသုံးကြမ်း မှုတွေ ဖြစ်နေမယ်။ အပေါင်းအသင်း မှားကိန်းမြင်၍ ဂရုစိုက်ပါ။ အချစ်ရေး ၊ အိမ်ထောင်ရေး ကိစ္စများ စိတ်ရှုပ်ရမည်။ ငွေဝင် ၊ ငွေထွက် ကြမ်းမည်။ ရွှေ ၊ စက် တို့ မမြဲပါ။ ဝင် ၊ ထွက်မယ်။ ခရီးယာယီ များမည်။
အကျိုးပေးဂဏန်း - ၂၊၄၊၈။
အထူးဟော - အတိုက် အခံ အထစ်အငေါ့ ကြုံပြီးမှ အောင်မြင်ပါမည်။
ယတြာ - တနင်္လာနေ့တွင် ငါးအရှင်(၁၅) ကောင်ကို အရှေ့အရပ်ရှိ ကန်ထဲသို့ လွှတ်ပါ။

အင်္ဂါ
ဆန္ဒစောမှု့ ၊ ရည်ရွယ်ချက် ကြီးမှု ၊ မဟုတ်မခံ မှုတွေ ရှိနေသည်။ ကွက်ကျော်မြင်အကဲခတ် ကောင်းသည်။ ငါသိငါတတ် ငါဆရာလုပ်တတ်သည်။ အလုပ်ကိစ္စရှုပ်မည်။ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ အောင်မြင်မည်။ အနောက်အရပ်ခရီးမသွားသင့်ပါ။ လူယုံမထားရ။ ငွေစုလိုက် ဝင်မည်။ ခရီးဝေး ရုတ်တရက် သွားရမည်။ အိမ်ပြင် ၊ အိမ်ပြောင်း ၊ အိမ်ဆောက်ဖြစ်မည်။ အင်တာဗျူးအောင်မြင်မည်။ စပ်တူ စီးပွားရေး အောင်မြင်မည်။
အကျိုးပေးဂဏန်း - ၈၊၃၊၅။
အထူးဟော - အောင်မြင်မည်။
ယတြာ - အုန်းဆွမ်း နှင့် ဘယာကြော် (၈) ခု ကို အိမ်ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး
          ရည်ရွယ်ချက်များမည်။ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ အောင်မြင်မည်။ လွတ်လပ်မှု့လိုလားသည်။အချစ်ရေးကောင်းမည်။ အိမ်ထောင်ကျကိန်း ရှိသည်။ စကားပြောဆင်ခြင်ပါ။ ခရီးဝေးယာယီ မြင်သည်။ ထီထိုးပါ။ ထီပေါက်မည်။ တောင်အရပ်က ထီဆိုင်တွင် ထိုးပါ။ ရ၊ယ၊လ၊ဝ အက္ခရာဖြင့် ထိုးပါ။ ၂၊၄၊၈ ဂဏန်း ပါ အောင်ထိုးပါ။ အလုပ်ကိစ္စ အောင်မြင်မည်။ ပညာရေး အောင်မြင်မည်။ လက်ဆောင်ကောင်းရမည်။
အကျိုးပေးဂဏန်း - ၄၊၉၊၆။
အထူးဟော - အောင်မြင်မည်။
ယတြာ - ဗုဒ္ဓဟူးနေ့တွင် ဘုရားကို ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး
လိုတစ်မျိုး မလိုတစ်မျိုး လူတွေ နှင့် တွဲမိမယ်။ စကား ပြော ဆင်ခြင်ပါ။ သိက္ခာ ကျစရာတွေ ဖြစ်လာမည်။ ပစ္စည်းပျောက်မည်။ လူလိမ် ငွေလိမ် ခံရမည်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ယာဉ် ၊ စက် တို့ ဝင် ၊ ထွက်မည်။ အမွေရမည်။ (သို့) ထီပေါက်မည်။ ထီထိုးပါ။ အနောက်အရပ်က ဆိုင်ကို ထိုးပါ။ အချစ်ရေးမှာ စိတ်ဝမ်းကွဲပြီးမှ ပြန်ခေါ်မည်။ အိမ်ထောင်သည် များ ဖောက်ပြန်မှုဖြစ်မည်။
အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၈။
အထူးဟော - အဆင်ပြေမည်။
ယတြာ - ကြာသပတေးနေ့ နံနက်တွင် ကြာသပတေးနံ ဘုရားကို အောင်သပြေ (၁၉) ညွန့် ကပ်လှူပါ။

သောကြာ
စိတ်လေနေမည်။ ဆုံးဖြတ်ချက် မြန်နေသည်။ ရည်ရွယ်ချက် တွေ အောင်မြင်မည်။ အချစ်ရေးကောင်းသည်။ ချစ်သူ အသစ်တွေ့မည်။ အချစ်ဟောင်းနှင့် ပြန်ဆုံမည်။ လက်ဆောင်လှလှလေးရမည်။ ကိုယ်ပိုင် အလုပ်တွေ ကောင်းမည်။ ဝန်ထမ်း အလုပ်အတိုက်အခံများမည်။ လုပ်ငန်းပြောင်းလဲ လုပ်ရမည်။ ရုတ်တရက် ကား ၊ ဆိုင်ကယ် ခိုက်မိတတ်သည်။ ခရီးဝေးယာယီ တွေရောက်မည်။ ဝမ်း နှင့် ပတ်သက်သော ရောဂါ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - ၆၊၈၊၁။
အထူးဟော - အဆင်ပြေမည်။
ယတြာ - သောကြာနေ့ တွင် ဘုရားကို ထီးနီ (၇) လက် ကပ်လှူပါ။

စနေ
ကံဇာတာကောင်းသည်။ လုပ်ဆောင်ချက် တွေ အဆင်ပြေမည်။ ခရီးဝေး ၊ ခရီးနီး တွေ ရောက်ဖြစ်မည်။ ကျန်းမာရေးကောင်းသည်။ အပေါင်းအသင်း တွေ စုံနေမည်။ လူချစ်လူခင် များမည်။ စီးပွားရေး ရောင်းဝယ်မှု့ တွေ အောင်မြင်မည်။ ထီထိုးပါ။ ထီပေါက်မည်။ အရှေ့ အရပ်က ထီဆိုင်ကိုထိုးပါ။ ကျန်းမာရေး ၊ စီးပွားရေး ၊ အလုပ်အကိုင် တွေ ကောင်းမည်။ အချစ်ရေးအဆင်ပြေမည်။ ချစ်သူသစ်တွေ့မည်။ အချစ်ဟောင်းပြန်ဆုံမည်။ လုပ်ငန်းသစ်ဖြင့် အောင်မြင်မည်။
အကျိုးပေးဂဏန်း - ၇၊၀၊၄။
အထူးဟော - အောင်မြင်ကြီးပွားမည်။
ယတြာ - စနေနေ့ နံနက်တွင် ငွေ ၁၀၀ ကျပ် ပံ့သကူပြုပါ။ ထွက်ရော့ ၁၀၀ ဝင်လာ ခဲ့ သိန်း ၁၀၀ ဟု ဆိုပါ။

Myitmakha

No comments:

Post a Comment