Wednesday, May 21, 2014

အီတလီချန်ပီယံအသင်း ဂျူဗင်တပ် ရမှတ် ၁၀၀ကျော်သည့် ပထမဆုံး အသင်းအဖြစ် စံချိန်တင်

ယခုနှစ် အီတလီစီးရီးအေ ရာသီပိတ်ပွဲတွင် ချန်ပီယံဖြစ်သွားသော ဂျူဗင်တပ်အသင်းသည် အိမ်ကွင်းတွင် ကာဂလီယာရီ အသင်းအား  ၃ - ၀ ဂိုးဖြင့် အနိုင်ရပြီး ရမှတ် ၁၀၂ ရရှိခဲ့သည့် အတွက် စီးရီးအေ ဘောလုံးသမိုင်းတွင် စံချိန်သစ် ရေးထိုးခဲ့သည်။

ဂျူဗင်တပ် အသင်းသည် ပွဲ စဉ် ၃၆ ပြီးကတည်းက ချန်ပီယံ ဖြစ်ခဲ့သော်လည်း ရမှတ် စံချန်တင်ရန် ကျန်ပွဲစဉ်နှစ်ပွဲကို ဂရုတစိုက် ကစားခဲ့သည်။ ပွဲစဉ် ၃၇ တွင် ရိုးမားအား အနိုင်ယူပြီး နောက်ဆုံးပွဲတွင် ကာဂလီယာရီကို အနိုင်ရရှိခဲ့ ခြင်း ဖြစ်သည်။ ဂျူဗင်တပ် အသင်းသည် ချန်ပီယံဆုကို ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ သုံးကြိမ်ဆက် ရရှိခဲ့ခြင်း ဖြစ်ပြီး စီးရီးအေ သမိုင်း၌ နိုင်ပွဲ အများဆုံးရသည့် အသင်းအဖြစ်လည်း စံချိန်တင်သွားသော အသင်းဖြစ်သည်။ ဂျူဗင်တပ် အသင်းမှာ ပြည်တွင်း၌ အောင်မြင်သော်လည်း ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲတွင် ဘင်ဖီကာကို ရှုံးနိမ့်ပြီးပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

Soccer Weekly

No comments:

Post a Comment