အက်သလက်တီကို အသင်းသည် ယခုနှစ် ရာသီ၏
လာလီဂါ နောက်ဆုံး ပွဲစဉ်အဖြစ် ဘာစီလိုနာ အသင်း၏ အိမ်ကွင်းသို့
သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကာ အဆိုပါ ပွဲစဉ်တွင် အနည်းဆုံး သရေတစ်မှတ်
ရရှိခဲ့ပါက (၁၉၉၆)ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လာလီဂါ ဆုဖလားကို
ရယူနိုင်မည် ဖြစ်သည်။
တီကို အသင်း၏ အားထားရဆုံး တိုက်စစ်မှူး
ဖြစ်ပြီး ယခုနှစ်ရာသီတွင် ပြိုင်ပွဲ အရပ်ရပ်၌ (၃၆)ဂိုးထိ
သွင်းယူထားနိုင်သည့် ကော်စတာမှာ ဒဏ်ရာပြဿနာကြောင့် ယခုပွဲစဉ်နှင့်
လွဲချော်နိုင်ဖွယ် ရှိနေသည်ဟု အစောပိုင်း သတင်းများက ဖော်ပြခဲ့ကြသော်လည်း
ယခုအခါတွင် လေ့ကျင့်ခန်းများ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ကာ ၎င်း၏ အသင်းဖော်
မာရန်ဒါ၏ အဆိုအရ ကော်စတာသည် ဘာကာနှင့် ပွဲစဉ်တွင် ကြံ့ခိုင်မှု
ပြည့်ဝနေမည်ဟု သိရသည်။
Soccer Weekly

No comments:
Post a Comment