Wednesday, May 21, 2014

သူ့ဘက်က ဒီလိုလုပ်လိုက်တိုင်း ကွာရှင်းတယ်လို့ ပြောလို့ မရဘူး မိုးမိုး


လတ်တလော ကတော့ အတ္တကြီးနေသည် VCD အမြန်ဆုံး ထွက်နိုင်ဖို့ လုပ်နေပါတယ်။  ထွက်မယ့်ရက်က ကမ္ဘာ့ဖလား ဘောလုံးပွဲနဲ့ တိုက် နေလို့ ခုနှစ် လပိုင်းလောက်မှ ထွက် မှာပါ။
အခွေမှာ ဘယ်လိုထူးထူးဆန်း ဆန်းလေးတွေပါမလဲ ဆိုတော့ ထူး ဆန်းတဲ့ အရာလေးတွေ ပါမယ်ဗျ။ ဒါပေမဲ့ ထူးဆန်းတယ် မထူးဆန်းဘူး ဆိုတာက ပရိသတ်သိပါလိမ့်မယ်။ ဒီအခွေထဲမှာ နိုင်ငံရေး သီချင်းတစ် ပုဒ်ပါမယ်။ သီချင်း စုစုပေါင်းအားလုံး တစ်ဆယ့်ရှစ် ပုဒ်ပါမယ်။
အခုထွက် နေတဲ့ ကွာရှင်းတယ်ဆိုတဲ့ကိစ္စက ကျွန်တော် ကိုယ်တိုင်တောင် သိတာ မကြာသေးပါဘူး။ ဒီလိုလုပ်လိုက် တိုင်း ကွာရှင်း တယ်လို့ပြောလို့ မရပါ ဘူး။ သူနဲ့ကျွန်တော်အဆင်မပြေတဲ့ အချိန်တွင်းမှာ သူ့ဘက်ကဒီလိုလုပ် လိုက်တာပါ။ ဒီကိစ္စကဘာတွေ ဆက်ဖြစ်မယ်ဆိုတာ သေသေချာ ချာမသိသေးပါဘူး။
ကျွန်တော်ဒီ လောကထဲမှာ ဘယ်လိုနေတယ်ဆို တာ ပရိသတ်တွေ သိပါတယ်။ အနု ပညာသက်တမ်းတစ်လျှောက် မှတ် မှတ်ရရ ကောလာဟလနှစ်ခုထွက် ဖူးပါတယ်။ ဒီတော့ကျွန်တော်ကိုယ် တိုင် ဘာမှန်းမသိဘဲနဲ့ တစ်ချိန်တစ် ခါတုန်းက ဒီလိုမဟုတ် မမှန်သတင်း တွေ ထွက်ခဲ့ဖူးပါတယ်။ အခုဖြစ်တဲ့ ကိစ္စမှာလည်း ကျွန်တော့် အနေနဲ့ တတ်နိုင်သလောက် သည်းခံ သွားမှာပါ။ စိတ်ပူပေးတဲ့ ပရိသတ်တွေလည်း မိုးမိုး ဘာမှ မဖြစ်ပါဘူး။ အေးဆေးပါလို့ ပြောချင်ပါတယ်။ 
8 Days

No comments:

Post a Comment