Wednesday, May 21, 2014

iPad Mini နှင့်တူညီမှုရှိသည့် Xiaomi Mi Pad


တရုတ်ကုမ္ပဏီ Xiaomi မှပထမဦးဆုံး ထုတ်လုပ်သည့် tablet တွင် ၇.၉ လက်မအရွယ် display ကိုအသုံးပြုထားကာ ၎င်းသည် Apple ၏ iPad Mini နှင့်တူညီမှုရှိကြောင်း သိရသည်။

Xiaomi Mi Pad သည် .၉လက်မအရွယ်ရှိ Wi-Fi tablet သည် iPad Mini နှင့်တူညီမှုရှိသော်လည်း tablet ကို iPad ကဲ့သို့အလူမီနီယမ် အသုံးမပြုထားဘဲ ပလတ်စတစ်သာ အသုံးပြုထားသည်။ အဆိုပါ tablet screen resolution သည် Apple iPad Mini ကဲ့သို့ပင် 2,048x1,536 pixels ကိုအသုံးပြုထားကြောင်း သိရသည်။ ထို့အပြင် Mi Pad တွင် Nvidia quad-core Tegra K1 ပရိုဆက်ဆာကို အသုံးပြုထားကာ RAM 2GB နှင့် Onboard storage အဖြစ် 16GB သို့မဟုတ် 64 GB အဖြစ်ပါဝင်လာမည်ဖြစ်သည်။ Mi Pad ၏အလေးချိန်သည် ၃၆၀ ဂရမ်ရှိပြီး အထူမှာ . မီလီမီတာရှိသောကြောင့် Apple tablet ထက်အနည်းငယ်ထူကာ ပိုလေးကြောင်းသိရသည်။

၎င်းတွင် Android 4.4.2 KitKat ကိုအခြေခံထားသော MIUI ခေါ်သောစိတ်ကြိုက် ပြင်ဆင်ထားသည့် Android ဗားရှင်းကိုအသုံးပြုထားသည်။ Mi Pad tablet တွင် Selfie ရိုက်ကူးသူများအတွက် ရှေ့ကင်မရာတွင် 5 megapixel အသုံးပြုထားပြီး ကျောဘက်ကင်မရာတွင် 8 megapixel ကိုအသုံးပြုထားကာ 6,700mAh ဘက်ထရီကို အသုံးပြုထားသည်။ Mi Pad 16GB ဗားရှင်းကို ဒေါ်လာ ၂၄၀ ခန့်ဖြင့်ဝယ်ယူနိုင်ကာ 64GB ဗားရှင်းကိုဒေါ်လာ ၂၇၀ ခန့်ဖြင့်ဝယ်ယူနိုင်ကြောင်း သိရသည်။

-စိုးထက်
Ref: CNET
Internet Journal

No comments:

Post a Comment