Wednesday, July 2, 2014

ချစ်သူဆရာဝန်မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ်


ရှစ်နှစ်ကြာ လက်တွဲလာခဲ့သည့် ချစ်သူ ဆရာဝန် မိန်းကလေးကို လူမှုရေး ပြဿနာကြောင့် ဓားဖြင့် ၁၁ ချက်ထိုး၍ သတ်ခဲ့မှု မူဆယ်မြို့တွင် ဇွန်လ ၂၉ ရက်ညကဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
‘‘ကောင်မလေး အိမ်မှာပဲ လူသတ်မှုဖြစ် တာပါ။ သတ်တဲ့လူ ကိုယ်တိုင် ရဲစခန်းကို လာအဖမ်း ခံတာပါ။ ကောင်လေးက နိုင်ငံ ခြားက ပြန်လာတာ ရက်ပိုင်းပဲရှိ သေးပြီး သူတို့ချင်း လူမှုရေးပြဿ နာကြောင့် သတ်တာလို့ဝန်ခံပါ တယ်’’ဟု မူဆယ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
သေဆုံးသူ အမျိုးသမီးမှာ ဆရာဝန် တစ်ဦးဖြစ်ပြီး အသက်(၂၆) နှစ်ရှိပြီဖြစ်ကာ ၎င်းနေထိုင်ရာ မူဆယ်မြို့တောင် ရပ်ကွက် နေအိမ်တွင် အသတ်ခံ ခဲ့ရခြင်းဖြစ်သည်။ လူသတ်မှု ကျူးလွန်သူ အမျိုးသားမှာ အသက် (၃၀) အရွယ်ရှိ ပြီး ၎င်းကို မူဆယ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်း ထားကာ လူသတ်မှု ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထား ကြောင်း သတင်း ရရှိသည်။ 

Yoyarlay

No comments:

Post a Comment