Sunday, February 26, 2012

နယ်စပ်မတည်ငြိမ်မှုများအတွက် မလေးရှားနှင့် ထိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေး

 

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်(ဘယ်)နှင့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် (ညာ)
ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာသည် မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိချိန်တွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော မွတ်စလင်ထကြွ ပုန်ကန်မှုများအား နှိမ်နင်းရာတွင် အင်တိုက်အားတိုက် ကူညီသွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ယင်လက်ခ်၏ မလေးရှားနိုင်ငံသို့ တစ်ရက်တာခရီးစဉ်ထဲတွင် နှစ်နိုင်ငံ နယ်စပ်တစ်လျောက်တွင်ရှိသော ပုန်ကန်မှုများအား ပူးပေါင်း နှိမ်နင်းရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
''၀န်ကြီးချုပ်ယင်လက်ခ်ဟာ တောင်ဘက်ရှိ နယ်နိမိတ်ပြဿနာဖြေရှင်းဖို့ ကျွန်တော်တို့ဘက်ကအကူ အညီပေးပေးဖို့ ဒါမှမဟုတ်ပူးပေါင်းဖို့ မေတ္တာရပ်ခံခဲ့တာကြောင့် အခုလို ရေရှည်စီမံကိန်းနဲ့ ငြိမ်းချမ်းရေးရယူဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်'' ဟု ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ယင်လက်ခ်နှင့် တွေ့ဆုံအပြီးတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်က ပြောကြားခဲ့ သည်။
ယင်လက်ခ်သည် မလေးရှားနိုင်ငံသို့ မူလက ယမန်နှစ် အောက်တိုဘာလက သွားရန် စီစဉ်ထားခဲ့သော်လည်း ထိုင်းနိုင်ငံတွင် ရာစုနှစ်ဝက်အတွင်း အကြီးကျယ်ဆုံး ရေကြီးမှုဖြစ်ပွားခဲ့သဖြင့် ခရီးစဉ်အား ရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်သည် ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် အာဏာရခဲ့ပြီး နောက်ပိုင်း အိမ်နီးချင်းနိုင်ငံများသို့ ခရီးစဉ်များသွားရောက်ခဲ့ရာ၌ ကျန်ရှိနေသော မလေးရှားသို့ ယခုမှသာ သွားရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
သူမ၏ ခရီးစဉ်သည် ထိုင်းနိုင်ငံတွင် အီရန်အမျိုးသားသုံးဦးမှ အစ္စရေးသံတမန်များအား ပစ်မှတ်ထားသော  ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားပြီးနောက် ယင်းခရီးစဉ်စတင်ခဲ့ခြင်း ဖြစ်သည်။ ဗုံးဖေါက်ခွဲသူသုံးဦး အနက်တစ်ဦးမှာ မလေးရှားနိုင်ငံသို့ ထွက်ပြေးရန်ကြံစည်စဉ် အဖမ်းခံခဲ့ ရခြင်းဖြစ်သည်။
Ref: AFP


No comments:

Post a Comment