Sunday, February 26, 2012

 မဲလိမ်မှု ကျူးလွန်ခြင်းမရှိဟု ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယို ထွက်ဆို

 

ပါဆေးမြို့တရားရုံးမှ ထွက်ခွာလာသည့် ၀န်ကြီးချုပ်ဟောင်း အာရိုယိုကို 
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မြင်တွေ့ရစဉ်
ရွေးကောက်ပွဲ တစ်ခုတွင် အကွက်ဆင် လိမ်လည်မှုများလုပ်ခဲ့သည်ဟု တရားစွဲခံရသည့် ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရီယာအာရိုယိုက ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် တရားရုံး၌ ထွက်ဆိုခဲ့သည်။
၂၀၀၇ ခုနှစ်က ကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲ ရလဒ်များ အကွက်ဆင်လိမ်လည်မှုတွင် ပူးပေါင်းကြံစည်မှုဖြင့် သမ္မတဟောင်း အာရိုယိုကို တရားစွဲခဲ့ခြင်းဖြစ်သည်။ အာရိုယိုသမ္မတ တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၀၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်းတွင် ခြစားမှုများစွာ ကျူးလွန်ခဲ့သည်ဟု အာရိုယိုနေရာတွင် ဆက်ခံခဲ့သည့် သမ္မတဘင်နစ်နိုအကွီနိုက စွပ်စွဲခဲ့ခြင်းဖြစ်သည်။''ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိပါဘူး''ဟု မနီလာတရားရုံးရှိ တရားသူကြီးရှေ့တွင် အာရိုယိုက ထွက်ဆိုခဲ့သည်။
ရှားပါးသည့် အရိုးရောဂါခံစား နေရသည့် သမ္မတဟောင်းအာရိုယိုသည် စစ်ဆေးရုံတစ်ခုမှ တရားရုံးသို့ ရောက်ရှိပြီးနောက်တွင် ဂျာနယ်လစ်များကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့သည်။ အာရိုယိုကို ဖမ်းဆီးခဲ့ပြီး နောက်အချိန်တိုအတွင်းတွင် စစ်ဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့သည်။
''ကျွန်မနဲ့ ကျွန်မရဲ့မိသားစုကို သွားပုပ်လေလွင့်ပြောဆိုမှုတွေ ဆက်ဖြစ်နေပေမယ့်လည်း စွပ်စွဲမှုအားလုံးကို ဟစ်တိုင်မှာ ငြင်းခုံဆွေးနွေးသွားမှာပါ။ ကျွန်မရဲ့နာမည်ကိုသာမက ကျွန်မလုပ်ဆောင်ခဲ့မှုတွေကို လိပ်ပြာလုံဖို့အတွက် ဖြစ်စဉ်တွေကို ကျွန်မကိုယ်တိုင် တင်ပြခဲ့တာပါ။ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမှာပါ''ဟု အာရိုယိုက ပြောကြားခဲ့သည်။
၂၀၀၇ ခုနှစ် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွင် အာရိုယို၏ မဟာမိတ်များ အနိုင်ရရေးအတွက် ဖိလစ်ပိုင်တောင်ပိုင်း မာဂွင်ဒါနာအိုပြည်နယ်ရှိ ရွေးကောက်ပွဲရလဒ်များကို အပြောင်းအလဲလုပ်ခဲ့မှုဖြင့် အစိုးရရှေ့နေများက အာရိုယိုကို တရားစွဲခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိပါက သမ္မတဟောင်းအာရိုယိုသည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရမည်ဖြစ်သည်။
Ref: AFP


No comments:

Post a Comment