ရန်ကုန် ဖေဖော်ဝါရီ ၂၀
ပြည်သူလူထုအကြား
ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့်
ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး
ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ
ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့်
ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။
ယင်းအဆို တင်သွင်းနိုင်ရေးအတွက် လတ်တလောတွင် ပညာရှင်များထံမှာ အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ရယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
" ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ " ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။
မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက မတ်လဆန်းတွင် ထုတ်လုပ်ရောင်းချမည့်
တန်ဖိုးနည်းဖုန်းများ၏ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရှိမည်
ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။
From The Voice Weekly


No comments:
Post a Comment