မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomás
Ojea Quintana) ဟာ ဒီကနေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။
သူ့ရဲ့
မြန်မာပြည် ခြောက်ရက်တာ ခရီးစဉ်အပြီး ပြန်လည် မထွက်ခွာခင် ပြုလုပ်ခဲ့တဲ့
ကင်တားနားရဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ခဲ့တဲ့ သတင်းထောက်တဦးက …

- မစ္စတာကင်တားနား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ရိုက်တာ)
“အီလက်ထရောနစ်
ဥပဒေတွေနဲ့ ပတ်သက်ပြီး သူပြောသွားတယ်။ ဒီဥပဒေတွေ ပြင်ရမယ်လို့
ပြောသွားတယ်။ အကျဉ်းသားကိစ္စတွေလည်း အများကြီးပဲ ပြောတယ်။
ပြန်လွတ်လာတဲ့သူတွေနောက် တကောက်ကောက်နဲ့ စောင့်ကြည့်နေ တာတွေ
ထောက်ပြပြီး သူကြားနေရတယ်ပေါ့ အဲဒါ ပြောတယ်။ အသေးစိတ်ကတော့ မပါဘူး။
ဒါပေမယ့် တော်တော်များတယ်။



ဖေဖော်ဝါရီ
၇ ရက် မနက်ပိုင်းမှာ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၊ ညနေပိုင်းမှာတော့
မြောင်းမြမြို့က မီတာလေးရာ အားကစားကွင်းတို့မှာ လူထု ဟောပြောပွဲ
ပြုလုပ်မှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဦးကျော်ဟိုးက
ပြောပါတယ်။
ကချင်ပြည်နယ်မှာ
ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေ အရင်နေရာတွေမှာပဲ ရှိနေတယ်လို့
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဒုတိယ စစ်ဦးစီးချုပ်
ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။




