Friday, March 23, 2012

အစိုးရတပ်က အဆိပ်ငွေ့သုံး၍တိုက်ခိုက်ဟု ကေအိုင်အေစွပ်စွဲ

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းနေပေ မယ့် ကေအိုင်အေနဲ့  အစိုးရ အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အခု သီတင်းပတ် အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာ အစိုးရတပ်ဘက်က အဆိပ်ဓာတ်ငွေ့တွေပါ သုံးစွဲလာတယ်လို့ ကေအိုင်အိုပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။
ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်ဒေါင်ယန် ကျေးရွာအနီးက တိုက်ပွဲမှာ အစိုးရဘက်က ဒီအဆိပ်သင့် ကျည်ငွေ့တွေကို သုံးခဲ့တာလို့ သူက ပြောပါတယ်။ မြစ်ကြီးနား ဗန်းမော်သွား လမ်းပေါ်မှာ ရှိတဲ့ အဲဒီ တောင်ကုန်းတွေပေါ်က ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ ခြေကုပ်စခန်းတွေ ကို ခလရ ၄၆၀၊ ခမရ ၃၉၀ စတဲ့ အစိုးရတပ်က လွန်ခဲ့တဲ့ ၃ – ၄ ရက်က စပြီး သိမ်းဖို့ကြိုးစားတဲ့အတွက် တိုက်ပွဲ ဆက်ဖြစ်နေတယ် လို့ သူက ဆိုပါတယ်၊။
၂၀၁၁​ ခုနှစ် နှစ်လည်ပိုင်းက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတို့ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာလည်း အစိုးရဘက်ကပစ်တဲ့ ကျည်ဆံပေါက်ကွဲမှုကနေ ထွက်တဲ့အငွေ့​ကို ရှုရှိုက်မိတဲ့ ရှမ်းတပ်သားတချို့  မူးဝေခဲ့ရတယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ဖူးပါတယ်​။
DVB

No comments:

Post a Comment