Friday, March 23, 2012

ရုတ်တရက် နယ်ပြောင်းခံရတဲ့ သူနာပြုဆရာမတဦး၏ ရင်ဖွင့်သံ

လားရှိုး ဆေးရုံမှာ သူနာပြုဆရာမပေါင်း အယောက် ၈၀ ပတ်ဝန်းကျင်လောက် ရှိတဲ့အထဲမှာ၅၀ လောက်ကို မိမိတို့ အရင် တာဝန်ကျရာ နယ်တွေ ဒေသတွေကို ပြန်သွားဖို့  ဒီကနေ့ မတ်လ၂၂ရက်နေ့ လည် ၂ နာရီ မှာ အစည်းဝေး ခေါ်ပီး ပြောကြားခဲ့ပါတယ်။
ပြောတဲ့ အခါမှာ မိမိ တာဝန်ကျရာ ဒေသကို ၃၀ ရက်နေ့ အရောက် သွားရောက် 
သတင်းပို့ရမယ်လို့ ဆိုပါတယ်။ ဆေးရုံအုပ်က လဲ ပြောပါသေးတယ်..။ ဒီဆေးရုံမှာ 

ကုတင် ၂၀၀ ကနေ ကုတင် ၃၀၀ အထိ တိုးချဲ့မှာ ဖြစ်လို့ အဲလိုတွေ ပို့ရင် လုပ်မယ့်

သူတောင် မရှိ ဖြစ်မှာသိပေမယ့် ဒါဟာ နေပြည်တော်က တိုက်ရိုက် ခိုင်းတာမို့ 

မဖြစ်မနေ သွားဖို့ မေတ္တာရပ်ခံပါတယ်တဲ့...။
 
မတ်လ ၃၀ ရက်နေ့မှာ တာဝန်ကျရာနေရာတွေမှာ ရောက်မရောက် လာစစ်ပါ
လိမ့်မယ်တဲ့..။ နောက်တခုလဲ ပြောပါသေးတယ် အဲလိုတွေ သွားပီး ခနလောက်

 ကြာရင် ဒီဆေးရုံမှာ လူမရှိတော့တဲ့ အတွက် အဆင်မပြေပါဘူးလို့  အထက်ကို
 စာတင်ပီး ပြန်ခေါ်ပါ့မယ်..။
 နောက်ပီး အဲဒီ တာဝန်ကျရာ က လူကြီးနဲ့ ညှိပီး နောက်မှ ပြန်ပြောင်းချင် ပြောင်းဖို့ 
လုပ်ကြပါ အခု ၃၀ ရက်နေ့ကို မဖြစ်မနေ အရောက်သွားပေးကြပါလို့ အစည်းဝေးမှာ

 ပြောသွားပါတယ်...။  
တချို့ ဆရာမတွေဆို သူတို့ကို တာဝန်ကျ နေရာဆိုတာ နာမည်တောင် အခုထိ မကြားဖူးတဲ့ ရှမ်းပြည်မြောက်ပိုင်းတွေ တောရွာတွေကို ပို့တာပါ...။ ဒီအထဲမှာ ကလေးမိခင်တွေကိုလဲ
 မဖြစ်မနေ သွားရမယ်ဆိုတော့အကုန် ဒုက္ခရောက်ရပါတော့တယ်..။ 
သမီးလေးရဲ့ ဓါတ်ပုံပါ

သမီးလေးက အခုမှ ၁နှစ်ခွဲ အရွယ်လေး ရှိသေးတယ်..။ ခေါ်သွားမယ် ဆိုတော့လဲ ခရီးပန်း

 လမ်းကြမ်းထဲမှာကိုယ်တောင် တခေါက်မှ မရောက်ဖူးတဲ့ တောထဲက နယ်စပ်...။ 
ထားခဲ့ပြန်မယ်ဆိုတော့လဲ ဒီသမီးလေး နဲ့ ခွဲရမယ်..။ ဖြစ်သလို ပစ်ထားခဲ့ပီး သွားရမယ့် 

အရေး ကို တွေးရင်နဲ့တောင် မျက်ရည် တွေ အလိုလို ကျမိတယ်..။


ဆေးရုံမှာ ရှိတဲ့ ဆရာမ ၈၀ လောက်ထဲက ၅၀ လောက်ကို အဲလို နယ်တွေ ပြန်လွှတ်တော့

 ဆေးရုံကြီးမှာ လုပ်မယ့်သူ မရှိသလောက်ဖြစ်တာလဲအားလုံး အသိပါပဲ..။ 

အထက်မှာ ပြောတဲ့ အတိုင်း သွားပီး သတင်းပို့ကြပါ..။ နောက်မှ ပြန်ပြောင်းဖို့ 

လုပ်ပေးပါ့မယ်ဆိုတာ ဘာရည်ရွယ်ချက်တွေများ ဖြစ်မလဲ..အဲဒီ သွား၇မယ့် ဆိုတဲ့

 နေရာတွေကို ဖုန်းဆက်ပီး စုံစမ်းတော့ လူနာတောင် ဟုတ်တိပတ်တိ မရှိဘူးတဲ့...။

လူနာမရှိတဲ့ နေရာတွေကို ဒီဆေးရုံကြီးက ဆရာမတွေ မျက်ရည်ကြီးငယ်ကျ 

ဒုက္ခပေါင်းစုံနဲ့ အန္တရာယ်တွေ များလွန်းတဲ့ နယ်စပ်လိုနေရာတွေ
တောခေါင်ခေါင် လူမနီးတဲ့ နေရာတွေကို အခုမှ ဘာအကြောင်းနဲ့ ၃၀ ရက် 

မတိုင်ခင်မှာ မဖြစ်မနေ လွှတ်တယ် ဆိုတာ မပြောလဲ ကိုသစ်ထူးလွင်နဲ့ တကွ

 အားလုံးလဲ သိပီး ဖြစ်နေမှာပါ....။

ကိုယ့် အတ္တ အတွက် ပြည်သူတွေအပေါ် အဲလောက်တောင် စာနာမှု မဲ့နေကြပီလား 

ဆိုပီးခံပြင်းစိတ်တွေရော  ဖြစ်သလို ပစ်ထားခဲ့ရမယ့် သမီးလေး မျက်နှာရော ၊

 ဘယ်လို နေရာမှန်းမသိတဲ့ ဆီကို တွေးပီး ရင်လေးတာတွေရော
စိတ်တွေ ထဲမှာ မွန်းကျပ်လွန်းလို့ ဒီစာနဲ့ ရင်ဖွင့်လိုက်တာပါရှင်...။


လားရှိုးဆေးရုံမှ သူနာပြုဆရာမတဦး

Ref; MNN 

No comments:

Post a Comment