www.thithtoolwin.com Myanmar News Now မှ
မြန်မာပြည်သူ့ တွေ၏ မတရားပြုကျင့်
ခံနေရမှုတွေ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီထိပ်ပိုင်ခေါင်းဆောင်များ၏
သတင်းများ၊ ကာကွယ်
ရေးဝန်ကြီးဌာန၊
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစရင်းစစ်ချုပ်ရုံး ၊ သတ္တုတွင်းဝန်ကြီး
ဌာန စတဲ့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ၏
ထိပ်တန်း
လျှိုဝှက်ချက်သတင်းများကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ထုတ်တင်ပြပေးခဲ့ပါတယ်။
ယနေ့ မတ်လ(၁၉)ရက်နေ့ မှာတော့ www.thithtoolwin.com
ကို မြန်မာပြည်တွင်မှ ပြည်သူလူ
ထုဝင်ရောက်ဖတ်ရှုခြင်းမပြုနိုင်အောင် မြန်မာအစိုးရမှ ပိတ်ဆို့ ထားလိုက်ပြီ
ဖြစ်ပါတယ်။
ဒီကိစ္စနှင့် ပါတ်သတ်၍ Myanmar News Now မှ အသေးစိတ်ကို ကြေညာချက်ထုတ်ပြန်သွားမှာ
ဖြစ်ပြီး၊ သတင်းမီဒီယာနှင့် နိုင်ငံတကာအင်တာနက်လွပ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာအဖွဲ
့အစည်း
များ နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Myanmar News Now ကို မြန်မာပြည်သူလူထု နေ့ စဉ် လူဦးရေ (၃၀၀၀၀)သုံးသောင်ကျော်
ဝင်ရောက်ကြည့်ရှုပြီး၊ သတင်းစာမျက်နှာပေါင်း တစ်သိန်းကျော် ၀င်ရောက်ဖတ်ရှုနေတာ
ဖြစ်ပါတယ်။
ပိတ်ဆို့ ထားမှုကို ပြန်လည်ဖွင့်လှစ်ပေးဖို့  မြန်မာအစိုးရထံ တိုက်ရိုက်တောင်းဆိုသွားမှာဖြစ်ပါတယ်။
Ref; Myanmar News Now

No comments:
Post a Comment