ဦးဝိစာရလမ်း Blazon ဘက်အခြမ်း လမ်းချဲ့ထွင်မည့် နေရာလုပ်ငန်းခွင်နှင့် လမ်းချဲ့ထွင်မှုနှင့်
ဦးဝိစာရလမ်းအား မူလလမ်းမှ လမ်းချဲ့ထွင်မည် ဖြစ်သောကြောင့်
လမ်းချဲ့ထွင်မည့်နေရာနှင့် မလွတ်ကင်းသော ရေတမာပင်များအား
ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
လမ်းချဲ့ထွင်သည့်နေရာမှာ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းဆုံ
မီးပွိုင့်အနီးနေရာများဖြစ်ပြီး ဦးဝိစာရ လမ်းမှာယာဉ်သွားလာမှုများပြား ကာ
ယာဉ်ကြောပိတ်မှုကြောင့် လမ်းအားချဲ့ထွင်ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းချဲ့ထွင်မှုကြောင့် လမ်းပေါ်ရှိ ရေတမာပင် အရေအတွက် အပင် ၂၀
ခန့်ခုတ်ထွင်ခဲ့ရကြောင်း၊ အဆိုပါ ရေ တမာပင်များမှာ သက်တမ်းအားဖြင့်
အတော်ကြာနေပြီဖြစ်သည့် အပင်များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဦးဝိစာရလမ်း Blazon ဘက်အခြမ်း လမ်းချဲ့ထွင်မည့် နေရာလုပ်ငန်းခွင်နှင့် လမ်းချဲ့ထွင်မှုနှင့် မလွတ်ကင်းသော ရေတမာပင်များ
ခုတ်ထွင်မှုအပြီး မြင်ကွင်းအား မေလ ၅ ရက်နေ့က တွေ့ရစဉ်
“ဦးဝိစာရလမ်းကိုဦးစီစာရလမ်း နဲ့ ဓမ္မစေတီလမ်းဆုံမီးပွိုင့်မှ တစ်ဖက်ကို
ပေ ၆၈၀ အကွာအထိချဲ့မယ် လို့ပြောတယ်။ လမ်းဒီဘက်ခြမ်းမှာ ဆိုရင်
မီးပွိုင့်ကနေ တော်လှန်ရေးပန်းခြံအ၀င် ဂိတ်ရှေ့လောက်အထိ ပါတယ်။
လမ်းဟိုဘက်ခြမ်းမှာ ဆိုရင် တော့ Blazon နားမရောက်ခင်အထိ ပါတယ်လို့သိရတယ်။
လမ်းချဲ့ဖို့အ တွက် မလွတ်ကင်းတဲ့အတွက်ကို ရေ တမာပင်တွေခုတ်သွားတာ ၂၀ လောက်
ရှိမယ်။ အဲဒီအပင်ကြီးတွေက သက် တမ်းတော်တော်ရှိနေတဲ့အပင်ကြီး တွေ၊
အပင်တွေကိုနေ့ခင်းပိုင်းမှာခုတ် လို့အဆင်မပြေလို့ ညဘက်မှာလာ
ခုတ်သွားတာပါ”ဟု လမ်းချဲ့ထွင် သည့်နေရာအနီးနေထိုင်သူတစ်ဦး က ပြောပြခဲ့သည်။
ထို့ပြင် လမ်းချဲ့မည့်နေရာနှင့် မလွတ်ကင်းသည့်အတွက် ဆက်သွယ်ရေး အထိုင်အိုး ၅ ခုကိုလည်း အောက်သို့ နှိမ့်ချခဲ့ရကြောင်းလည်း သိရသည်။
လမ်းချဲ့ထွင်မည့် နေရာလုပ်ငန်းခွင် တော်လှန်းရေးပန်းခြံဘက် အခြမ်းအား မေလ ၅ ရက်နေ့က တွေ့ရစဉ်
“ဦးဝိစာရလမ်းဟာ ရေတမာ ပင်တွေနဲ့ ပြည့်နေတဲ့လမ်း၊ ရေတမာပင်အလှနဲ့
လမ်းအလှဟာ ပြိုင် နေတာဖြစ်ပါတယ်။ ပြီးတော့ ဒီလမ်းဟာ ကားတွေ
တစ်နေကုန်ပိတ်နေတာ မဟုတ်ပါဘူး။ အခုက လမ်းချဲ့ ဖို့ဆိုပြီး
မိနစ်ပိုင်းအတွင်း ရေတမာ ပင်တွေကို အလွယ်တကူ ခုတ်လိုက်တာဟာ
မဖြစ်သင့်ပါဘူး”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်းပါးများ ရေးသားနေသူ
ဦးအောင်မျိုး က ပြောပြခဲ့သည်။
လမ်းချဲ့မည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
လမ်းနှင့်တံတားဌာန သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဦးဝိစာ ရနှင့်ဓမ္မစေတီ
လမ်းဆုံမီးပွိုင့်အနီးမှာ ယာဉ်ရှုပ်ထွေးမှုများကြောင့် လမ်းချဲ့
ရန်ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ လမ်းချဲ့မည့် အကျယ်အ၀န်း မည်မျှရှိသည် ကို
အတိအကျ မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ လမ်းချဲ့ရန်အတွက်
ရေတမာပင်များ ခုတ်ထွင်ခြင်းနှင့် ပတ်သက်၍ သမ္မတရုံး
တာဝန်ရှိသူတစ်ဦးဖြစ်သည့် စာရေး ဆရာမှူးဇော်ကလည်း အချက် ၅ ချက်ပါဝင်သည့်
ရှင်းလင်းချက်တစ်ခုကို ၎င်း၏ facebook စာမျက်နှာ တွင်တင်ထားသည်။ အဆိုပါ
အချက်များတွင် ရေတမာပင်အကုန်လုံး မခုတ်ပါ။ လမ်းဆုံတွင် မော်တ်ာကားများ
ကျပ်လွန်းသဖြင့် ကားများဝင်ထွက်ရ လွယ်ကူစေရန် လမ်းဆုံရှိ ၃၊ ၄ ပင်ကိုသာ
ခုတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်
တင်ပြလာသည်ဟု ပါရှိပါသည်။
EMG

No comments:
Post a Comment