Monday, May 21, 2012

ရှန်ဟိုင်း ဒိုင်းမွန်းမှာ အနိုင် ရရှိခဲ့သည့် ပေါ့ဝဲလ်

ဂျာမေကာ အပြေးသမား အာဆာဖာ ပေါ့ဝဲလ်ဟာ ရှန်ဟိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဒိုင်းမွန်းလိဂ် အပြေးပြိုင်ပွဲ မီတာ ၁၀၀ အပြေး ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်းသိရပါတယ်။ ပေါ့ဝဲလ်ဟာ အဆိုပါ ပြိုင်ပွဲမှာ ၁၀.၂ စက္ကန့်နဲ့ ထိပ်ဆုံးမှ ပန်းဝင် ဗိုလ်စွဲခဲ့တာ ဖြစ်ပြီး ပေါ့ဝဲလ်ရဲ့ နောက်မှာတော့ အမေရိကန် နိုင်ငံသား ရော့ဂျာက ၁၀.၈ စက္ကန့်နဲ့ ဒုတိယ နေရာက ပန်းဝင် လာခဲ့ပါတယ်။

ပေါ့ဝဲလ်ဟာ အခုလို အနိုင်ရ ဗိုလ်စွဲ နိုင်ခဲ့ခြင်းကြောင့် ပထမတစ်ကြိမ် ဒိုင်းမွန်းလိဂ် ပြိုင်ပွဲမှာ ဂတ်တလင်ကို ရှုံးနိမ့်ခဲ့မှု အပေါ် ချေဖျက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဝဲလ်ရဲ့ ယခုတစ်ကြိမ် ပန်းဝင်ခဲ့တဲ့ ၁၀.၂ စက္ကန့် စံချိန်ဟာ ကမ္ဘာ့အဆင့် စတုတ္ထ နေရာမှာသာ ရှိနေခဲ့ပြီး ပထမ တစ်ကြိမ် ဂတ်တလင်းကို ရှုံးနိမ့်ခဲ့စဉ်က ၉.၈၈ စက္ကန့်နဲ့ တတိယ နေရာမှာ စံချိန် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မီတာ ၁၀၀ အပြေး ပြိုင်ပွဲရဲ့ ကမ္ဘာ့အမြန်ဆုံး စံချိန်ကိုတော့ အူစိန်ဘော့က ၉.၈၂ စက္ကန့်နဲ့ ရရှိထားတာ ဖြစ်ပြီး ဒုတိယ နေရာမှာတော့ ဂတ်တလင်းက ၉.၈၇ စက္ကန့်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

အခုလို ဒိုင်းမွန်းလိဂ်ရဲ့ မီတာ ၁၀၀ အပြေး ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် ဂျာမေကာ နိုင်ငံသား ပေါ့ဝဲလ် အနေနဲ့ လာမယ့် လန်ဒန် အိုလံပစ် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ရှန်ဟိုင်း ဒိုင်းမွန်းလိဂ်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲမှာတော့ ဂရိတ်ဗြိတိန် အသင်းမှ ရှရာပရော့တာဟာ ယခင် ရရှိဖူးတဲ့ ၆.၃၁ စက္ကန့် စံချိန်နဲ့ မကိုက်ညီနိုင်အောင် စိတ်ပျက်ဖွယ်ရာ ရလဒ်နဲ့ ကြုံတွေ့ခဲ့ရပြီး အဆင့် ၈ နေရာမှသာ ပန်းဝင်လာခဲ့ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment