Monday, May 21, 2012

လန်ဒန် အိုလံပစ် ပြိုင်ပွဲမှာ ပါဝင်လိုသည့် ဘက်ခမ်း

မေဂျာလိဂ် ကလပ် အယ်လ်အေ ဂလက်စီ အသင်းရဲ့ ကွင်းလယ် ကစားသမား ဒေးဗစ်ဘက်ခမ်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က လန်ဒန် အိုလံပစ် မီးရှုးတိုင်သယ်ယူတဲ့ အခမ်းအနားမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘ၀ အဆုံးမသတ်ခင်မှာ လန်ဒန် အိုလံပစ် ပြိုင်ပွဲဝင် ဂရိတ်ဗြိတိန် အသင်းမှာ ပါဝင် ကစားလိုတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။

ဘက်ခမ်းဟာ လက်ရှိ အချိန်မှာ အယ်လ်အေဂလက်စီ အသင်းအတွက် ကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့ ကစားနိုင်နေတာ ဖြစ်ကာ အရေးပါတဲ့ ဂိုးတွေကို သွင်းယူနိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂရိနိုင်ငံ ကနေ လန်ဒန်ကို သယ်ယူတဲ့ မီးရှုးတိုင် သယ်ယူမှုမှာလည်း လန်ဒန် အိုလံပစ် တာဝန်ရှိသူများနဲ့ အတူတူ ပါဝင်ကာ သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဘက်ခမ်းက ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ဂရိနိုင်ငံမှ လန်ဒန်ကို သယ်ဆောင်ခဲ့တဲ့ အခမ်းအနားမှာ မီးရှုးတိုင်ကို သယ်ဆောင်ခဲ့သလို ဂရိတ်ဗြိတိန် အသင်းမှာ ပါဝင် ကစားလိုတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘက်ခမ်းက မိမိ အနေနဲ့ အခုလို လန်ဒန် အိုလံပစ် မီးရှုးတိုင် သယ်ယူခွင့်ရတဲ့ အခမ်းအနားမှာ ပါဝင်ခွင့်ရတဲ့ အတွက် အလွန်ကို ၀မ်းမြောက်မိပါတယ်။ မိမိရဲ့ ကစားသမား ဘ၀မှာလည်း မန်ယူ ၊ ရီးရဲလ်မက်ဒရစ်လို အသင်းကြီးတွေမှာ ကစားခဲ့ဖူးပြီးပါပြီ။ လာမယ့် ၂၀၁၂ လန်ဒန် အိုလံပစ် ပြိုင်ပွဲဝင် ဂရိတ်ဗြိတိန် အသင်းမှာလည်း ပါဝင် ကစားခွင့်ရရေးဟာ မိမိရဲ့အိမ်မက်ပါ ပါဝင်ခွင့် ရခဲ့မယ်ဆိုရင်လည်း မိမိရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာမှာပါ။ မိမိရဲ့ ကစားသမား ဘ၀ကိုလည်း နောက်ထပ် ၂ နှစ်လောက် ဆက်လက် ကစားလိုပါသေးတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။

ဘက်ခမ်းဟာ သူ့ရဲ့ ကစားသမား ဘ၀ တစ်လျောက်မှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း အသင်းခေါင်းဆောင် တစ်ဦးအဖြစ် ကစားပေးခဲ့သူ တစ်ဦး ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းမှာလည်း နည်းပြ အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင် လုပ်ကိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဘက်ခမ်းဟာ လက်ရှိအချိန်မှာ လန်ဒန် အိုလံပစ် ပြိုင်ပွဲဝင် ဂရိတ်ဗြိတိန် အသင်းရဲ့ ပဏမ လူစာရင်းမှာ ပါဝင်ရန် ရေပန်းစားနေသူ တစ်ဦး ဖြစ်ကြောင်းကိုလည်း သတင်းများ အရ သိရှိရပါတယ်။
 MRTV4

No comments:

Post a Comment