Monday, May 28, 2012

အမေရိကန် အသင်းနဲ့ စံချိန်တင် ပွဲထွက် ကစားသမား ဖြစ်လာသည့် ဒိုနိုဗန်

အမေရိကန် အသင်းရဲ့ တိုက်စစ်မှူး လန်ဒန် ဒိုနိုဗန်ဟာ အမေရိကန် အသင်းနဲ့ ၁၂၅ ပွဲ ပါဝင် ကစားနိုင်ခဲ့ကာ အမေရိကန် ဘောလုံး အသင်း သမိုင်းမှာအများဆုံး ပွဲထွက် ပါဝင်တဲ့ ကစားသမား ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ဒိုနိုဗန်ဟာ ပြီးခဲ့တဲ့ အမေရိကန် အသင်းနဲ့ စကော့တလန် အသင်းတို့ရဲ့ ပွဲမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်လာခဲ့ပြီး ယခင် အမေရိကန် အသင်းရဲ့ နောက်ခံ ကစားသမား ဂျက်ဖ်အက်ဂိုထက် တစ်ပွဲ သာလွန်ကာ အမေရိကန် အသင်းမှာ ပွဲအများဆုံး ပါဝင် ကစားခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

အမေရိကန် အသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဂျက်ဖ်အက်ဂိုးဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၃ ခုနှစ် အတွင်း ပွဲပေါင်း ၁၂၄ ပွဲ ပါဝင် ကစားထားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လန်ဒန် ဒိုနိုဗန်ဟာ လက်ရှိ အချိန်မှာ ပွဲပေါင်း ၁၂၅ ပွဲ အထိ ပါဝင် ကစားနိုင်ခဲ့ပြီ ဖြစ်သလို နည်းပြ ကလင်းစမန်းရဲ့စိတ်ကြိုက် လူစာရင်းမှာ ထိပ်ဆုံးမှ ရွေးချယ် ခံနေရဆဲ ဖြစ်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒိုနိုဗန်ဟာ အဆိုပါ စကော့တလန် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်း ပွဲစဉ်မှာ အမေရိကန် အသင်း အတွက် ဟတ်ထရစ်ဂိုး သွင်းယူ ပေးခဲ့နိုင်ပြီး အမေရိကန် အသင်းဟာလည်း စကော့တ်တလန် အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ်။

ဒိုနိုဗန်ဟာ အမေရိကန် အသင်းရဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်တွေ အတွက် အမေရိကန် အသင်းမှာ ကစားပေးဖို့ နည်းပြ ကလင်းစမန်းရဲ့ ရွေးခြယ်ခြင်း ခံထား ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ပိုင်း နိုင်ငံ အသင်းနဲ့ ၈လကြာ ဝေးကွာနေခဲ့ရာမှ ပြန်လည် ပါဝင်လာရခြင်း ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment