Monday, May 28, 2012

 အရှေ့တောင် အာရှနိုင်ငံများတွင် ပြသလျက်ရှိသည့် Tour Exhibition ပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ လက်ရာများပါဝင်ပြသ

အရှေ့တောင်အာရှနိုင်ငံများတွင် Tour Exhibition  အဖြစ်လှည့် လည်ပြသလျက်ရှိသည့် River Scape
 In Flux အနုပညာပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ အနုပညာဖန်တီးမှု လက်ရာများ ပါဝင်ပြသထားကြောင်း သိရသည်။

River Scape In Flux ပြပွဲကို ဂျာမနီနိုင်ငံ GOTHI INSTITUTE မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး မြစ်နှင့် ပတ်သတ်သည့် အနုပညာဖန်တီးမှု မျိုးစုံကို Tour Exhibition အဖြစ် အရှေ့တောင်အာရှ နိုင်ငံများတွင် လှည့်လည်ပြသသည့် ပွဲဖြစ်ကြောင်း သိရသည်။
“ဒီပွဲအတွက် ပြင်ဆင်မှုတွေကို ၂၀၁၁ ခုနှစ်လောက် ကတည်းက လုပ်နေတာပါ။ ကျွန်တော်ကတော့ ဒီပွဲမှာလှေနဲ့ သဘောင်္ပုံစံငယ်တွေကို သစ်သားအတိုအစ အဟောင်းတွေနဲ့ ပုံစံတူဖန်တီးထားတဲ့ လက်ရာတွေ၊ လှေတစ်စင်းရဲ့အင်္ဂါရပ် အစုံအလင် ပါဝင်တဲ့ပိတ်စနဲ့ ချုပ်ထားတဲ့ လှေပုံစံငယ်တွေကို ပြသထားပါတယ်” ဟု ကိုအောင်ကိုကဆိုပါသည်။
ပြပွဲတွင် အရှေ့တောင်အာရှနိုင်ငံ များမှအနုပညာရှင်များ၏ ပန်းချီ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့်အင်စတော်လေး ရှင်းလက်ရာအစုံကို ပြသထားသည်။ ယင်းပြပွဲကို ၂၀၁၂ ခုနှစ်ဧပြီလမှစကာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်စတင် ပြသခဲ့ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများတွင်၂၀၁၃ ခုနှစ်အထိ ပြသသွားမည်ဖြစ်သည်။
EMG

No comments:

Post a Comment