Wednesday, May 30, 2012

ပြင်သစ် အိုးပင်းမှာ ရှုံးပွဲ ကြုံတွေ့ခဲ့သည့် လူရာရော့ဘ်ဆင်

ဗြိတိန် အဆင့်လေးရှိ တင်းနစ်မယ် လူရာရော့ဘ်ဆင်ဟာ ပြင်သစ် အိုးပင်းတင်းနစ် ပြိုင်ပွဲရဲ့ ပထမဆုံး နေ့မှာ စပိန် တင်းနစ်မယ် မက်ဒီနာကို ရှုံးနိမ့်ခဲ့ကြောင်းသိရပါတယ်။ လူရာဟာ မက်ဒီနာကို
 ၆-၂ ၊ ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘ၀တစ်လျှောက် အဆိုးရွားဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ်။ လူရာနဲ့ မက်ဒီနာတို့ဟာ ပြီးခဲ့တဲ့ နှစ်ရဲ့ ယူအက်စ်အိုးပင်း ပြိုင်ပွဲ ဒုတိယ အဆင့် ပွဲစဉ်မှာလည်း တွေ့ဆုံခဲ့ဖူးပြီး မက်ဒီနာကပဲ အနိုင် ရရှိထားဖူးတာ ဖြစ်ပါတယ်။

လူရာရော့ဘ်ဆင်ဟာ ပြင်သစ် အိုးပင်း ပြိုင်ပွဲရဲ့ ပထမ အဆင့် ပွဲစဉ်ကို ကံကောင်း ထောက်မစွာနဲ့ တက်ရောက်လာခဲ့တာ ဖြစ်ပြီး စပိန် တင်းနစ်မယ် ဆဲလ်ဗီလာဆိုလာရဲ့ ဒဏ်ရာကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့မှုကြောင့်သာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမ အဆင့် ပွဲစဉ်ကို တစ်နာရီနဲ့ ၁၀ မိနစ်သာ ကစားခဲ့ရပြီး မက်ဒီနာကို ရှုံးနိမ့်ကာ အခုလို ပထမဆင့်က ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗြိတိန် ကစားသမားများ အနက်မှ အင်ဒီမာရေး ၊ ကီယိုသာဗောင်းနဲ့ ဟတ်တာ ၀တ်ဆင်တို့ သုံးဦးသာ ပြင်သစ် အိုးပင်း တင်းနစ် ပြိုင်ပွဲမှာ ဆက်လက် ကျန်ရှိတော့မှာ ဖြစ်ပြီး ၄င်းတို့ သုံးဦးဟာလည်း ပထမ အဆင့် ပွဲစဉ်များကို ဒီကနေ့ ကြာသာပတေး နေ့မှာ စတင် ယှဉ်ပြိုင်ကြတော့မှာလည်း ဖြစ်ပါတယ်။ လူရာရောဘ့်ဆင် နည်းတူ ဗြိတိန် နံပါတ်တစ် တင်းနစ်မယ် ဘဲဘ်တာချာဟာလည်း ပြင်သစ် အိုးပင်းတင်းနစ် ပြိုင်ပွဲရဲ့ ပထမ အဆင့် ပြိုင်ပွဲကနေ ထွက်ခွာလာရပြီ ဖြစ်ပြီး ဘဲလ်တာချာဟာ ကမ္ဘာ့အဆင့် ၆ တင်းနစ်မယ် စတိုဆာကို ၆-၄ ၊ ၆-၀ နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment