Wednesday, May 30, 2012

WCDMA ဖုန်းလိုင်းတွင်လည်း CDMA ဖုန်းများနည်းတူ ငွေလွှဲနိုင်မည်ဟုဆို

CDMA ဖုန်းများတွင်အသုံးပြုနိုင်သည့် ငွေလွှဲစနစ်ကို WCDMA ဖုန်းလိုင်းတွင်လည်း အသုံးပြုငွေလွှဲနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါငွေလွှဲခြင်းစနစ်အားဖုန်းများအားလုံးအတွက်အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ
 နောက်ပိုင်းတွင် ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါငွေလွှဲစနစ်မှာ (Top Up Card) ငွေဖြည့်ကဒ်အတွင်းမှ ငွေပမာဏကို ဖြည့်သွင်းသည့်ဖုန်းမှ တိုက်ရိုက်ရိုက်နှိုပ်ဖြည့်သွင်းရန် မလိုအပ်ဘဲ အခြားဖုန်းမှတဆင့် လွှဲပြောင်းဖြည့်သွင်းပေးနိုင်သည့် စနစ်ဖြစ်သည်။ ယင်းငွေလွှဲစနစ်ကို ယခင် CDMA ဖုန်းများတွင် အသုံးပြုနိုင်ခဲ့ပြီးနောက်ပိုင်းတွင် WCDMA မိုဘိုင်းဖုန်းလိုင်းများတွင်လည်း အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူကရှင်းပြသည်။ “WCDMA ဖုန်းလိုင်းမှာ Internet, 3G Service တွေအပြင် ငွေလွှဲစနစ်ကိုပါ အသုံးပြုနိုင်ပါတယ်။ Internet ကိုတော့ အခုလတ်တလောချပေးနေပြီး 3G Service၊ ငွေလွှဲစနစ်တွေကိုတော့ နောက်ပိုင်းမှာ ချပေးသွားဖို့ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူကဆိုသည်။ ထို့အပြင် မိုဘိုင်းဖုန်းစနစ်မျိုးစုံတွင် အသုံးပြုနိုင်မည့် Top Up Card များထွက်ရှိမည်ဟူသည့် သတင်းမှာလည်း မှန်ကန်ခြင်းမရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အဆိုပါတာဝန်ရှိသူမှ ဆက်လက်ပြောပြခဲ့သည်။
ရေးသားသူ -မိုးသူ
Internet Journal

No comments:

Post a Comment