Wednesday, May 30, 2012

မက္ကဆီကိုနိုင်ငံတွင်း ရှေးခေတ်မွှေးရှည် ဆင်တစ်ကောင်၏ ရုပ်ကြွင်းများ တွေ့ရှိ

မက္ကဆီကိုနိုင်ငံတွင်း ရှေးခေတ်မွှေးရှည် ဆင်တစ်ကောင်၏ ရုပ်ကြွင်းများ တွေ့ရှိခဲ့ခြင်းမက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ Queretaro ပြည်နယ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းခန့်က အမွှေးရှည်ဆင်တစ်ကောင်ရဲ့ရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ အဆိုပါ ရုပ်ကြွင်းတွေကို  Huimilpan အရပ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အစွယ်၊ ဦးခေါင်းခွံနဲ့ အခြားအစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

အဆိုပါ ရုပ်ကြွင်းတွေကို မကြာသေးခင်က ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ နေရာကနေ တွေ့ရှိခဲ့တာဖြစ်ပြီး ပင်ကိုယ်အနေအထားအတိုင်း ပြန်မစီခင်မှာ အစိုဓာတ် ကုန်ဆုံးသွားအောင် မနုဿဗေဒ ပညာရှင်တွေနဲ့ ရှေးဟောင်းပညာရှင်တွေက လုပ်ဆောင်နေကြပါတယ်။ ဒေသခံ အာဏာပိုင်တွေကတော့ အဲဒီအရိုးတွေကို အများပြည်သူ ကြည့်ရှု လေ့လာနိုင်အောင် ဒေသတွင်း ပြတိုက်တစ်ခုမှာ ထားရှိနိုင်ဖို့ မျှော်လင့်ေ နကြတယ်လို့ သိရပါတယ်။
MRTV4 

No comments:

Post a Comment