Wednesday, May 30, 2012

ဥရောပ-အာရှ သတင်းအချက်အလက်ကွန်ရက်တွင် ပါဝင်ချိတ်ဆက်နိုင်ရန် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကစီစဉ်

မြန်မာနိုင်ငံအနေဖြင့် ဥရောပ- အာရှသတင်းအချက်အလက်ကွန်ရက် (The Third Generation of Trans Eurasia Information Network-TEIN3) သို့ချိတ်ဆက်နိုင်ရန် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က စီစဉ်ခဲ့ကြောင်းသိရသည်။ အဆိုပါအစီအစဉ်၏ ပထမခြေလှမ်းအဖြစ်အလုပ်ရုံဆွေးနွေးပွဲတစ်ရက်ကို မေလ ၂၃ ရက်က ရန်ကုန်မြို့၊ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။

မြန်မာသုတေသနနှင့် ပညာရေးကွန်ရက်တည်ဆောက်ပြီး TEIN 3 Network သို့ ပါဝင်ချိတ်ဆက်နိုင်ရန်နှင့် ထိုမှတဆင့် The Fourth Generation of TEIN -TEIN 4 Network တွင် ပါဝင်ချိတ်ဆက်နိုင်ရန် Disaster-warning systems, Tele -medicine, E-learning, Crop Research, Earth-obervation and Radio Astronomy အစရှိသော ပညာရပ်နယ်ပယ်အသီးသီး၌ သုတေသနများအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မြန်မာသုတေသနနှင့် ပညာရေးကွန်ရက် NERN မှတဆင့် လိုအပ်သောအချက်အလက်များကိုရယူနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။ ဥရောပ-အာရှသတင်းအချက်အလက်မှာ ဥရောပနှင့် အာရှနိုင်ငံများရှိ သုတေသနနှင့် ပညာရေးအဖွဲ့အစည်းများအကြား သုတေသနနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြင့်လုပ်ဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ဖွဲ့စည်းထားသော Research Educaiton Network တစ်ခုဖြစ်ကြောင်းသိရသည်။ TEIN3 Network တွင် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျနှင့် ဘင်္ဂလားဒေရှ့် နိုင်ငံများပါဝင်ပြီး အဆိုပါနိုင်ငံများမှ Research and Education Network -REN များနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ဘူတန်နှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ချိတ်ဆက်ရန်စီစဉ်လျက်ရှိပြီး ယခုအချိန်တွင် TEIN3 Network ၌ နိုင်ငံပေါင်း (၁၈) နိုင်ငံ ပါဝင်ပြီးဖြစ်ကြောင်း သိရသည်။
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

Post a Comment