ဥရောပ သမ္မဂ္ဂမှ ရေတပ် တပ်ဖွဲ့ဝင်များမှာ ဆိုမားလီးယား နိုင်ငံရှိ ပင်လယ်
ဓါးပြများ၏ အခြေစိုက် စခန်းကို ပထမဆုံး အကြိမ်အဖြစ် တိုက်ခိုက်မှု
ပြုလုပ်ခဲ့ကြောင်း
သိရသည်။ ယခု တိုက်ခိုက်မှုတွင် ရဟတ်ယာဉ်များ ၊ စစ်ဘင်္ဘောများကို အသုံးပြုခဲ့ကာ ညဘက်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တာဝန်ရှိသူများ၏ အပြောအရ ယခုလို တိုက်ခိုက် စီးနင်းမှုကြောင့် သေဆုံး
ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဆိုမာလီ ဓါးပြများမှာ သင်္ဘော ၁၇ စီးနှင့်
သင်္ဘောသား ၃၀၀ ခန့်ကို ဖမ်းဆီးထားသည်ဟု ယုံကြည်ရကြောင်း သိရကာ များပြားလှသော
ပြန်ပေးငွေများကိုလည်း တောင်းဆိုထားခြင်း ဖြစ်သည်။ ပင်လယ်ဓါးပြ
တိုက်ဖျက်ရေး အဖွဲ့များမှာ ယခင်က မြေပြင် အခြေစိုက် စခန်းများကို
တိုက်ခိုက်ရန် နှောင့်နှေးခဲ့ပြီး ဖမ်းဆီးထားသည့် သင်္ဘောသားများ၏ အသက်ဘေးကို
စိုးရိမ်ခဲ့သဖြင့် ယင်း သို့ လုပ်ဆောင်မှု မပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း
သိရသည်။
MRTV4

No comments:
Post a Comment