Tuesday, May 15, 2012

ပြည်တွင်း၌ အွန်လိုင်းအခြေပြုစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုစတင်မြင့်တက်

ပြည်တွင်း၌၂၀၁၂ခုနှစ် နှစ်စမှစတင်ကာအွန်လိုင်းအခြေပြုစီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှု မြင့်တက်
လာကြောင်းသိရှိရသည်။အွန်လိုင်းစတိုး၊အွန်လိုင်းရှော့ပင်း၊အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်
ခဲ့ပြီးနောက် ယခုအခါ အွန်လိုင်းအခြေပြုငွေပေးချေမှုတချို့လည်း ပေါ်ပေါက်လာကြောင်းသိရသည်။

“ပြည်တွင်းမှာ တစ်ပြည်လုံးအတိုင်းအတာကိုမတွေးဘဲနဲ့ ရန်ကုန်တစ်မြို့တည်း အတိုင်းအ တာနဲ့ပြောရမယ်ဆိုရင်တောင် အွန်လိုင်းငွေပေးချေမှုစနစ်နဲ့ စိမ်းနေပါသေးတယ်။ ဒါပေမဲ့ဒီနှစ်ထဲမှာ အွန်လိုင်းအခြေပြုစီးပွားရေးလုပ်ငန်းတွေ ပေါ်ပေါက်လာတာကို တွေ့ရတဲ့အတွက် တဖြည်းဖြည်းနဲ့တော့ လူသိများလာနိုင်ပါတယ်။ ၀က်ဘ်ဆိုက်အသီးသီးကနေပြီးတော့ ကိုယ်လိုချင်တဲ့ပစ္စည်းတွေကိုဝယ်ယူဖို့ သက်ဆိုင်ရာဝက်ဘ်ဆိုက်နဲ့ချိတ်ဆက်ပြီး ၀န်ဆောင်ပေးတဲ့ဆိုင်တွေ ကုမ္ပဏီတွေကတော့ တဖြည်းဖြည်း နဲ့ လူသိများလာပါပြီ“ ဟု နည်းပညာပစ္စည်းများကို အွန်လိုင်းမှဝယ်ယူပေးသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။ နိုင်ငံတကာအွန်လိုင်းစတိုးများရှိပစ္စည်းများကို ၀က်ဘ်ဆိုက်နှင့်ချိတ်ဆက်ကာ ၀ယ်ယူပေးခြင်းမျိုးထက် ပြည်တွင်းမှပင် နိုင်ငံတကာနှင့်ချိတ်ဆက်ကာ ငွေချေနိုင်သည့်လုပ်ငန်းအချို့ ပေါ်ပေါက်လာခြင်းဖြစ်၍ ယခုအခါ အွန်လိုင်းအခြေပြု စီးပွားရေးမြင့်တက်လာသည်ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ “အွန်လိုင်းငွေပေးချေမှု Myan Pay စနစ်ကြောင့်လည်း အွန်လိုင်းစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်ပါတယ်။ ဒီစနစ်မှာ အွန်လိုင်းစီးပွားရေးလုပ်ကိုင်လိုတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကိုယ့်ရဲ့ဝက်ဘ်ဆိုက်မှာ Payment လက်ခံပြီးဆောင်ရွက်နိုင်ဖို့ Buy Button, Pay Now Button, Donate Button, Add to Carts Button စတဲ့ အသင့်သုံးနိုင်တဲ့ Payment Tools တွေကို စီစဉ်ပေးထားပါတယ်” ဟု Myan Pay စနစ်မှတာဝန်ရှိသူကပြောသည်။ အွန်လိုင်းစီးပွားရေးလုပ်ကိုင်လိုသူများအတွက် Payment Tools စီစဉ်ထားခြင်းများ များပြားလာပါက အွန်လိုင်းအရောင်းဆိုင်များ၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းများ ယခုနှစ်အတွင်းတိုးပွားလာနိုင်ကြောင်း ၎င်းကခန့်မှန်းပြောကြားသည်။
Internet Journal

No comments:

Post a Comment