Lenovo အနေဖြင့် all-in-one PC များရှိ power supply ချို့ယွင်းချက်ကို
ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းချို့ယွင်းချက်ကြောင့်
အပူလွန်ကဲမှုများဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပေါ်စေနိုင်ကြောင်းနှင့်
မီးလောင်မှုဖြစ်ပွားသောကြောင့် ပျက်စီးသွားသည့် PC နှစ်လုံးနှင့်ပတ်သက်သည့်
သုံးစွဲသူထံမှ တင်ပြချက်များကိုလည်း လက်ခံရရှိခဲ့ကြောင်း Lenovo ၏
ယူကေမီဒီယာဆက်ဆံရေးဌာနမှ အကြီးအကဲဖြစ်သူ Charlotte Westက Inquirer
သတင်းဌာနသို့ပြောကြားခဲ့သည်။ ထို့အပြင် ချို့ယွင်းမှုဖြစ်ပွားသည့်
all-in-one desktop PC များအတွက် power supply များကိုလည်း
အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းဖြစ်ရပ်များအတွက် Lenovo
အနေဖြင့်တောင်းပန်ပါကြောင်း သူမက ဆက်လက် ပြောကြားခဲ့သည်။ အထက်ပါ desktop PC
များကိုသုံးစွဲသူများအနေဖြင့် ၎င်းတို့ကွန်ပျူတာရှိ serial number
များကိုစစ်ဆေးသင့်ကြောင်းနှင့် ပြန်လည်သိမ်းဆည်းသည့် စာရင်းအသေးစိတ်ကို
Lenovo support ၀က်ဘ်ဆိုက်တွင် ဖော်ပြထားကြောင်းသိရသည်။
Internet Journal
No comments:
Post a Comment