Sunday, May 27, 2012

တရုတ်နိုင်ငံထုတ် တစ်ခါသုံးစက္ကူခွက်များသည် ကျန်းမာရေး စံနှုန်းသစ်နှင့် ကိုက်ညီမှုမရှိ

တရုတ်ဈေးကွက်အတွင်းရှိ  စက္ကူခွက်အများစုသည်  ဇွန်လတစ်ရက်နေ့တွင် အသစ်ချမှတ်မည့် အမျိုးသားကျန်းမာရေးစံနှုန်းနှင့်ကိုက်ညီခြင်းမရှိကြောင်းယင်းနယ်ပယ်မှသတင်းရင်းမြစ်များက ပြောကြား
ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် ချမှတ်ပြဋ္ဌာန်းသည့် တစ်ခါသုံးစက္ကူခွက်များဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ကုန်ကြမ်းများ၊ ပါဝင်ပစ္စည်းများ၊ စက္ကူခွက်ပေါ် ပုံနှိပ်မှုများနှင့် ပတ်သက်၍ စံသတ်မှတ်ချက်များ ပါရှိပြီး စားသုံးသူ ဘေးကင်းရေးကို ဦးစားပေးထားသည်။

အသစ်ချမှတ်လိုက်သော စံနှုန်းထဲတွင် စံနှုန်းမမီသော စက္ကူခွက် ထုတ်လုပ်သူများအား ချမှတ်မည့် ပြစ်ဒဏ်များကို အသေးစိတ် မဖော်ပြထားသောကြောင့် ရေတိုအနေနှင့် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ခန့်မှန်းသုံးသပ် လျက်ရှိသည်။

စက္ကူခွက်အပေါ်က ပုံနှိပ်တဲ့ဆေးတွေထဲမှာပါတဲ့ Benzene လို့ခေါ်တဲ့ ဓာတ်ပစ္စည်းဟာ ကင်ဆာနဲ့လူကီးမီးယားရောဂါဖြစ်ပွား စေတတ်တဲ့အတွက် ပုံနှိပ်ဆေးတွေ ခွက်နှုတ်ခမ်းနဲ့သိပ်နီးရင် စားသောက်တဲ့သူတွေရဲ့ ၀မ်းဗိုက်ထဲကို ရောက်သွားဖို့ သိပ်လွယ်ပါတယ်

စံနှုန်းသတ်မှတ်မှုတွင် အဓိကအပြောင်းအလဲမှာ ပုံနှိပ်ဆေးဆိုးသည့် ပုံစံဖြစ်ပြီး စက္ကူခွက်၏ နှုတ်ခမ်းသားမှ ၁၅ မီလီမီတာအတွင်းနှင့် ခွက်အောက်ခြေမှ ၁၀ မီလီမီတာအတွင်း ပုံနှိပ်ဆေးရိုက်ခွင့် မရှိခြင်း ဖြစ်သည်။ စက္ကူခွက်များတစ်ခုနှင့် တစ်ခုဆင့်ချိန်တွင် ခွက်ပေါ်ရှိ ဆီနှင့်မှင်များမှ ခွက်အတွင်းသားကို မညစ်ညမ်းစေရန်ဖြစ်ကြောင်း ပေကျင်းမှ နိုင်ငံတကာ အစားအစာ ထုတ်ပိုးမှု သုတေသနဌာနမှ ဒုတိယအမှုဆောင် ဥက္ကဋ္ဌတောင်ကျင်းရှီက ပြောကြားခဲ့ သည်။

တောင်ကျင်းရှီက''ကုမ္ပဏီတွေကတော့သူတို့ရဲ့ခွက်တွေကိုအရောင်တောက်တောက်ပပနဲ့ ဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ စက္ကူခွက်အပေါ်က ပုံနှိပ်တဲ့ဆေးတွေထဲမှာပါတဲ့ Benzene လို့ခေါ်တဲ့ ဓာတ်ပစ္စည်းဟာ ကင်ဆာနဲ့ လူကီးမီးယားရောဂါ ဖြစ်ပွားစေတတ်တဲ့အတွက်ပုံနှိပ်ဆေးတွေခွက်နှုတ်ခမ်းနဲ့သိပ်နီးရင်စားသောက်တဲ့
သူတွေရဲ့ ၀မ်းဗိုက်ထဲကို ရောက်သွားဖို့ သိပ်လွယ်ပါတယ်'' ဟု  ပြောကြားခဲ့သည်။

တတ်နိုင်သမျှ ပုံနှိပ်ဆေးဆိုးထားခြင်း မရှိသည့် ပြောင်ခွက်များကို သုံးသင့်ကြောင်းလည်း သုံးသပ်ထားသည်။
China Daily

No comments:

Post a Comment