မေလ ၂၅ ရက်နေ့က တူးမြောင်းသစ်ပေါ်တွင် ဖြတ်ထိုးထားသော တံတားတစ်စင်းကို တွေ့ရစဉ်
၁၉၉၂ ခုနှစ်က စတင်ခဲ့သော ယင်းတူးမြောင်းစီမံကိန်းမှာ ရေကြီးမှု ပြဿနာကို ကာကွယ်ရန် အဓိက ရည်ရွယ်ခြင်းဖြစ်သည်။
၁၁ မိုင်ရှည်လျားသည့် ယင်းတူးမြောင်းဖောက်လုပ်ရေးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုများ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများ၏ ကန့်ကွက်မှုများကြောင့် အကြိမ်ကြိမ်ရပ်ဆိုင်းခဲ့သည်။
၂၀၀၉ ခုနှစ်တွင် သမ္မတ လီမြောင်ဘတ်၏ Green New Deal စီမံကိန်းနှင့်အတူ တူးမြောင်းစီမံကိန်း ပြန်လည် အကောင်အထည်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းတူးမြောင်းကြောင့် ကုန်တင်သင်္ဘောကြီးများ၏ ပြည်တွင်း ပို့ဆောင်ရေးသာမက ပြည်ပသို့ ဈေး ကွက်ချဲ့ထွင်ရေးတွင်ပါ လွယ်ကူလာမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
AFP

No comments:
Post a Comment