Wednesday, May 30, 2012

အဖွင့် ပွဲစဉ်တွင် အနိုင် ရရှိခဲ့သည့် ရှရာပိုဗာ

ရုရှား နိုင်ငံသူ မာရီယာ ရှရာပိုဗာဟာ ပြင်သစ် အိုးပင်း အဖွင့်ပွဲမှာ အနိုင် ရရှိခဲ့ကြောင်း သိရှိရပါတယ်။ ရှရာပိုဗာဟာ ရိုမေးနီးယား နိုင်ငံသူ ကာဒန်တူကို၆-၀၊၆-၀ နဲ့ နှစ်ပွဲပြတ် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့က ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ရှရာပိုဗာဟာ ပြိုင်ဖက် ကာဒန်တူကို လွယ်ကူစွာနဲ့အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲဟာ စုစုပေါင်း ကြာမြင့်ချိန် ၄၈ မိနစ်သာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ပွဲဟာ ရှရာပိုဗာရဲ့ ပြင်သစ် အိုးပင်းပွဲစဉ် တစ်လျှောက်မှာ နှစ်ပွဲပြတ်နဲ့ အနိုင်ရခဲ့တဲ့ ၁၂ ပွဲမြောက် ပွဲလည်း ဖြစ်ပါတယ်။ ရှရာပိုဗာဟာ အခုနှစ် အတွင်း ကစားခဲ့တဲ့ သြစတေးလျ အိုးပင်း ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး အဇာရန်ကာကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယ ဆုကိုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရှရာပိုဗာဟာ ပြင်သစ် အိုးပင်းပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ အလိုရှိနေတာလည်း ဖြစ်ပါတယ်။ ပြင်သစ် အိုးပင်း ပြိုင်ပွဲရဲ့ အခြား ပွဲစဉ်တွေမှာတော့ ၀င်ဘယ်ဒန် ချန်ပီယံ ဖြစ်သူ ပက်ထရာခဗီတိုဗာက အသက် ၁၆ နှစ်သာ ရှိသေးတဲ့ သြစတေးလျ တင်းနစ်မယ် ဘာတီကို ၆-၁၊ ၆-၂  နဲ့ အနိုင် ရရှိခဲ့ပြီး ၂၀၁၀ ပြင်သစ် အိုးပင်း ချန်ပီယံဖြစ်တဲ့ ဖရန်ဆက်စကာ စခီယာဘုန်းက ပြိုင်ပွဲမှာ အသက် ၄၁ နှစ်နဲ့ အသက် အကြီးဆုံး တင်းနစ်မယ် ဖြစ်တဲ့ ဂျပန် နိုင်ငံသူ ခီမီကိုဒါတီကို ၆-၃၊၆-၁ နဲ့ အနိုင် ရရှိခဲ့ကြောင်း သိရှိရပါတယ်။

ပြင်သစ် အိုးပင်းပြိုင်ပွဲဟာ ဂရင်းစလင်း တင်းနစ် ပြိုင်ပွဲကြီး ၄ခု အနက် တစ်ခုလည်း ဖြစ်ပါတယ်။ ပြင်သစ် အိုးပင်းပြိုင်ပွဲကို ယခုလ ၂၇ ရက်နေ့ကနေ ဇွန်လ ၁၀ ရက်နေ့ အထိ ကျင်းပမှာလည်း ဖြစ်ပါတယ်။ ပြင်သစ် အိုးပင်း ပြိုင်ပွဲဟာ ယခုနှစ်ရဲ့ မြေစေးကွင်း နောက်ဆုံး ပွဲစဉ်လည်း ဖြစ်ပြီး အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံကတော့ တရုတ် နိုင်ငံသူ လီနာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment