Wednesday, May 23, 2012

ပရိသတ်အတွက် အထိုက်တန်ဆုံး အသင်း ဖြစ်ခဲ့သည့် မန်စီးတီး

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ အတွက် Banking Value table ဇယားမှာ ထပ်ဆုံးမှရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ Banking Value table ဟာ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းများရဲ့ ပွဲလက်မှတ်နှုန်းနဲ့  အသင်းရဲ့ကွင်း အတွင်း စွမ်းဆောင်ရည်များ ဖျော်ဖြေမှုများကို နှိုင်းယှဉ်ကာ အမှတ်ပေး ထုတ်ပြန်တဲ့ အမှတ်ပေး ဇယားလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရဲ့ မန်စီးတီး အသင်း ပွဲစဉ်များဟာ ဖျော်ဖြေမှု အကောင်းဆုံး ပေးနိုင်ခဲ့ခြင်းများ ၊ ပရိသတ်တွေ အတွက် စိတ်လှုပ်ရှားမှု အကောင်းဆုံး ပေးစွမ်းနိုင်မှုတွေကြောင့် အဆိုပါ ဇယားရဲ့ထိပ်ဆုံးကနေ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ယခင်နှစ်များက ထိပ်ဆုံးမှာ ရပ်တည်လေ့ရှိတဲ့ မန်ယူ အသင်းကတော့ စတုတ္ထ နေရာမှာသာ ရှိနေခဲ့ပြီး ၀ီဂန် အသင်းနဲ့ ၀က်စ်ဘရွန်း အသင်းတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိခဲ့ပေမယ့် အထိုက်တန်ဆုံး အသင်းများ အဖြစ်မှာတော့ ထူးဆန်းစွာပဲ ဒုတိယနဲ့တတိယ နေရာတို့မှာ ရပ်တည်ခဲ့ကြပါတယ်။ ဒါ့အပြင် အသင်းကြီး တစ်သင်းဖြစ်တဲ့ လီဗာပူးလ် အသင်းဟာ ပရိသတ်များ အတွက် လက်မှတ်ကြေး မထိုက်တန်မှုမှာ ဇယားအောက်ဆုံးမှာ ရောက်ရှိနေပြီး လီဗာပူးလ် အသင်းရဲ့အောက်မှာတော့ တန်းဆင်းဇုန်မှ သီသီလေး လွတ်လာခဲ့ရတဲ့ ကျူပီအာ အသင်းသာ ကျန်ရှိတော့တာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ကမှ တန်းတက် လာခဲ့တဲ့ နော့ဝှစ် အသင်းကတော့ ထိပ်ဆုံး ၅ သင်း စာရင်းထဲ ၀င်ခဲ့ပြီး အဆင့် ၅ နေရာမှာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွက် အထိုက်တန်ဆုံး ကစားသမား အဖြစ် အာဆင်နယ် အသင်းရဲ့ကစားသမား ရော်ဘင်ဗန်ပါစီက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး နယူးကာဆယ် အသင်း တိုက်စစ်မှူး ဒမ်ဘာဘက ဒုတိယ နေရာနဲ့ စပါး အသင်းမှ စကော့ပါကားတို့က တတိယ နေရာမှာ ရှိနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်မှ ဘောလုံး အသင်းများထဲမှာ ချန်ပီယံ မန်စီးတီး အသင်းရဲ့ နောက်နှစ်ရာသီ အတွက် လက်မှတ်များသာ ရောင်းအားကောင်းနေဆဲ ဖြစ်ပြီး ပရီးမီးယားလိဂ် အသင်း ၁၂ သင်း ခန့်ဟာ လာမယ့် ရာသီ အတွက် ပွဲစဉ် လက်မှတ်များ ရောင်းချနိုင်ခြင်း မရှိသေးဘဲ ပရိသတ်များရဲ့ အားပေးခြင်းကို ဆုံးရှုံးနေရကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment