Wednesday, May 30, 2012

တရုတ်နှင့်ဖိလစ်ပိုင်တို့ တင်းမာမှု လျော့ချရေး လုပ်ဆောင်ကြမည်

တရုတ် နိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ကာကွယ်ရေး ဝန်ကြီးများမှာ တောင်တရုတ် ပင်လယ် အရေးနှင့် ပတ်သက်ပြီး အချင်းချင်း တင်းမာမှုလျော့ပါးလာသည့် အပေါင်း လက္ခဏာဆောင်သော အပြုအမှုများကို ပြသခဲ့ကြပြီ ဖြစ်သည်။ တရုတ် ကာကွယ်ရေး ဝန်ကြီး Liang Guanglie မှာ အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ကမ္ဘောဒီးယား နိုင်ငံ ဖနွန်ပင်တွင် အင်္ဂါနေ့က တွေ့ဆုံခဲ့ကြပြီး ယခုလို တင်းမာမှု လျော့ပါးစေမည့် လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယခုလို ဆွေးနွေးမှုနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးဖြစ်သူ Voltaire Gazmin  မှ ပြောရာ၌ ဆွေးနွေးမှုများမှာ အပြုသဘော ဆောင်ခဲ့ကြောင်း ပြောခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံမှ ကမကထ ပြုပေးခဲ့သည့် ယခု ဆွေးနွေးပွဲတွင် ဖိလစ်ပိုင် နှင့် တရုတ် ကာကွယ်ရေး ဝန်ကြီးတို့မှာ ဘေးချင်းကပ်ပြီး ထိုင်ခဲ့ကြကြောင်း သိရသည်။ 

တရုတ်နှင် ဖိလစ်ပိုင်တို့မှာ နှစ်ဘက်အကြား ပင်လယ်ပြင် ပိုင်နက် အရေးနှင့် ပတ်သက်ပြီး အငြင်းပွားနေကြခြင်း ဖြစ်ကာ လက်နက် တပ်ဆင်ထားသည့်  စစ်သင်္ဘောများဖြင့် ပင်လယ်ပြင်တွင် အငြင်းပွားမှု စတင် ဖြစ်ပေါ်ခဲ့သည့် ဧပြီလကပင် နေရာ ယူထားခဲ့ကြကာ ဖိလစ်ပိုင် နိုင်ငံမှ အပြောအရ တရုတ် နိုင်ငံမှ စစ်ရေယာဉ်များ ရှိနေခြင်း အတွက် ဆန့်ကျင်ခဲ့ကြကာ တင်းမာမှုများ မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။

  NHK news

No comments:

Post a Comment