Wednesday, May 30, 2012

ရေဒီယို သတ္တိကြွဓာတ်ပါသော bluefin တူနာငါးများ အမေရိကန်တွင် တွေ့ရှိ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ သိပ္ပံပညာရှင်များမှာ တနင်္လာ နေ့က Bluefin တူနာငါး တစ်မျိုးတွင် ရေဒီယို သတ္တိကြွ ဓါတ်များတွေ့ရှိခဲ့ရကြောင်းနှင့် ယင်းမှာ ဂျပန်နိုင်ငံ ကမ်းခြေမှ လာခြင်းဖြစ်ကာ မိုင်ပေါင်း ၆ သောင်း ရှိပြီး နှုကလိယ မတော်တဆမှုမှ တစ်ဆင့် ထွက်လာသော ရေများတွင် သွားလာရာမှ ယခုလို အဆိပ်သင့် ဓါတ်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

ရိုးရိုးသားသား ပြောရပါက ယခုလို ဖြစ်ရပ်အတွက် မိမိတို့တွင် အလွန်ပင် အံ့သြခဲ့ရကြောင်း National Academies of Science  မှ သုတေသန ပညာရှင် Nicholas Fisher ဆိုသူမှ ပြောခဲ့ကာ ယခုလို တွေ့ရှိမှုကို ၎င်းမှ ရေးသားခဲ့ခြင်း ဖြစ်သည်။ ယခု တွေ့ရှိသည့် တူနာငါးတွင် ပါရှိသော ရေဒီယို သတ္တိကြွမှု ပမာဏမှာ လွန်ခဲ့သည့် နှစ်များ အတွင်းက ကယ်လီဖိုးနီးယား ကမ်းခြေတွင် ရှိသည့် ငါးများထက် ၁၀ ဆ ပိုမို များပြားနေခြင်း ဖြစ်သည်ဟု သိရသည်။

သို့ရာတွင် ယင်းပမာဏမှာ အမေရိကန်နှင့် ဂျပန် နိုင်ငံတို့တွင် ဘေးကင်းကြောင်း သတ်မှတ်ခဲသည့် အဆင့် ပမာဏ၏ အောက်တွင် ကောင်းစွာ ရှိနေသေးကြောင်းလည်း သိရသည်။ ပစိဖိတ် bluefin တူနာငါးမှာ ၁၀ ပေ အထိ ကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် ပေါင် ၁ ထောင် အထိ ရှိနိုင်ကြောင်းလည်း သိရသည်။ ယင်းငါးများမှာ ဂျပန်ရှိ ကမ်းခြေမှ ကယ်လီဖိုးနီးယား ကမ်းခြေသို့ လာရောက်လေ့ရှိသည့် သတ္တဝါများ ဖြစ်သည်။
CBS news

No comments:

Post a Comment