Wednesday, May 30, 2012

IAEA မှ တောင်ကိုရီးယားနျူကလီးယား ဓာတ်အားပေးစက်ရုံ အား စစ်ဆေးနေ

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA ဟာ တောင်ကိုရီးယားနိုင်ငံ  Gyeongju မြို့ရှိ Wolseong နျူကလီးယား စွမ်းအင်စက်ရုံကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ အဆိုပါ နျူကလီးယားစက်ရုံဟာ ဆိုးလ်မြို့ရဲ့ အရှေ့တောင်ဖက်၃၇၀ကီလိုမီတာအကွာအဝေးမှာတည်ရှိပြီးအခုအခါ တောင်ကိုရီးယား နိုင်ငံအတွင်းမှာ
 နျူကလီးယားစွမ်းအင်ဆိုင်ရာ ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီးစိုးရိမ်စိတ်တွေ မြင့်တက်နေချိန် ဖြစ်ပါတယ်။

IAEA မှ ကျွမ်းကျင် ပညာရှင် ၇ဦးဟာ Wolseong စက်ရုံရဲ့ အမှတ် ၁ဓာတ်ပေါင်းဖိုကို ဇွန်လ ၇ရက်နေ့အထိ စူးစမ်းလေ့လာမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စက်ရုံကို စီမံခန့်ခွဲနေတဲ့ Korea Hydro & Nuclear စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ငလျင်နဲ့ ဆူနာမီဘေးဒဏ်ကြောင့် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ မတော်တဆ ဖြစ်ပွားခဲ့တဲ့အတွက် တောင်ကိုရီးယား အစိုးရကလည်း ၎င်းနိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံတွေရဲ့ ဘေးကင်းလုံခြုံမှုကို စစ်ဆေးပေးဖို့ အိုင်အေအီးအေကို မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။

Wolseong နျူကလီးယား စက်ရုံရဲ့ အမှတ် ၁ဓာတ်ပေါင်းဖိုကို ၁၉၈၃ခုနှစ်ကစတင်ပြီး စီးပွားဖြစ်လုပ်ငန်း လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယ သက်တမ်းအရင့်ဆုံး ဓာတ်ပေါင်းဖို ဖြစ်ပြီး ၎င်းရဲ့ သက်တမ်းဟာ ယခုနှစ်နိုဝင်ဘာလမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် တတ်နိုင်သမျှ စက်ရုံရဲ့သက်တမ်းကို တိုးမြှင့်နိုင်ဖို့ နျူကလီးယား ဘေးကင်းလုံခြုံရေးကော်မရှင်က ချင့်ချိန်တွက်ဆနေကြောင်း သိရပါတယ်။
MRTV4

No comments:

Post a Comment