Wednesday, May 30, 2012

WCDMA အင်တာနက်အသုံးပြုရာတွင် 3G မရရှိသည့်နေရာများ၌ Roaming စနစ်ဖြင့် EDGE သို့ ပြောင်းလဲအသုံးပြုနိုင်

လက်ရှိအချိန်တွင် အသုံးပြုခွင့်ပေးလျက်ရှိသော GSM EDGE အင်တာနက်စနစ်နှင့် WCDMA 3G အင်တာနက်စနစ်တို့အားအသုံးပြုရာတွင်WCDMAဖုန်းများအတွက်3Gမရရှိနိုင်သေးသော နေရာများ
သို့ရောက်ရှိပါကRoamingစနစ်ဖြင့်GSMEDGEစနစ်သို့အလိုအလျောက်ပြောင်းလဲပေးမှာဖြစ်ပြီးအင်
တာနက်အားဆက်လက်အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတာဝန်ရှိသူတစ်ဦး
ကပြောသည်။

“WCDMA မိုဘိုင်းဖုန်းက 3G စနစ်အသုံးပြုပြီး အင်တာနက်စနစ်အပြင် ဖုန်းခေါ်ဆိုမှုကိုလည်း အသုံးပြုထားပါတယ်။ အင်တာနက်စနစ်ကို အသုံးပြုတဲ့နေရာမှာဆိုရင် 3G Network အသုံးပြုလို့ရတဲ့နေရာမှာအသုံးပြုနိုင်တဲ့အပြင်အခြာ3းGကွန်ရက်မရရှိသေးတဲ့နေရာတွေကို ရောက်ခဲ့မယ်
ဆိုရင်လည်း GSM ရဲ့ EDGE Network ထဲမှာ Roaming စနစ်နဲ့ ဆက်လက်အသုံးပြုသွားနိုင်ပါတယ်။ ဒီလို ကွန်ရက်ပြောင်းလဲအသုံးပြုသွားတဲ့နေရာမှာ အင်တာနက် Speed နှုန်းကတော့ 2G နဲ့ 3G နည်းနည်းလေးကွာခြားတာလောက်ပဲရှိပါတယ်။ အသုံးပြုလို့ အဆင်ပြေပါတယ်” ဟုပြောသည်။ အင်တာနက်အသုံးပြုစနစ်အား ယင်းကဲ့သို့ ကွန်ရက်ပြောင်းလဲအသုံးပြုရာတွင် အသုံးပြုခနှုန်းများအနေဖြင့် မိမိအသုံးပြုလျက်ရှိသော ကွန်ရက်အတွင်းတွင် သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် WCDMA အင်တာနက်အသုံးပြုခမှာ တစ်မိနစ်လျှင် ၄ ကျပ်နှုန်းကျသင့်ပြီး GSM EDGE အသုံးပြုခနှုန်းမှာ တစ်မိနစ်လျှင် ၂ ကျပ်သာကျသင့်ကြောင်း သိရသည်။
ရေးသားသူ -မိုးသူ
Internet Journal

No comments:

Post a Comment