Wednesday, June 13, 2012

ပြည်တွင်း၌ ပထမဆုံး လက်သင်္ကေတ ဘာသာ စကား ကူညီပံ့ပိုးမှု သင်တန်း သင်ကြားပေးမည်

မြန်မာနိုင်ငံ လက်သင်္ကေတ ဘာသာစကား ကူညီပံ့ပိုးမှု သင်တန်းကို ပြည်တွင်းမှာ ပထမဆုံး သင်ကြားပေး သွားမယ်လို့ JICA မှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ သိရပါတယ်။ အခုလို သင်ကြားဖို့အတွက် လက်ရှိမှာ ဂျိုက်ကာမှ တာဝန်ရှိ သူတွေက သင်ကြား ပေးမယ့် သင်တန်း ဆရာများကို စတင် သင်တန်း ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို သင်တန်း ပေးရာမှာတော့ မန္တလေး နားမကြား ကျောင်းမှ ဆရာ၊ ဆရာမ ၄ ဦးနဲ့ ရန်ကုန် နားမကြား ကျောင်းမှ ဆရာ၊ ဆရာမ ၄ ဦးတို့ကို သင်ကြားပေး လျက်ရှိတာ ဖြစ်ပါတယ်။

အဆိုပါ သင်ကြားမှုမှာ လက်သင်္ကေတပြ ဘာသာ စကား သင်တန်း၊ လက်သင်္ကေတပြ ဘာသာ စကား စကားပြန် သင်တန်း၊ နားမကြား သူများ အတွက် လူမှုဝန်ထမ်း၊ ခန္ဓာကိုယ် အမူအရာနဲ့ ထုတ်ဖော်ခြင်း သင်တန်း စတာ တွေကို သင်ကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လက်သင်္ကေတ ဘာသာစကား ကူညီပံ့ပိုးပေးမှု သင်တန်း ကိုတော့ လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ဂျိုက်ကာ အဖွဲ့တို့က ပူးပေါင်း ပြုလုပ်တာ ဖြစ်ပြီး အဲ့ဒီ သင်တန်းကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှာ စတင်ဖွင့်လှစ် သင်ကြား ပေးသွားမယ်လို့ သတင်း ရရှိပါတယ်။
MRTV4

No comments:

Post a Comment