Wednesday, June 13, 2012

မိုဘိုင်းတာဝါတိုင်လေးခု၌ ဆိုလာစနစ်များတပ်ဆင်

မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်လေးခု၌ ဆိုလာစနစ်များကို တပ်ဆင်လျှက်ရှိကြောင်း Solar Hut မှဦးခင်မောင်ကပြောကြားသည်။ အဆိုပါ ဆိုလာတပ်ဆင်ရေးစီမံချက်လေးခုမှာ သရက်မြို့နယ်ရှိ စက်တောင်၊ မင်းတုန်း၊ ကံမနှင့် အောင်လံမြို့နယ်ရှိ အောင်မြေကုန်းတို့ဖြစ်ကြောင်း သိရသည်။ “လျှပ်စစ်မီးမရှိတဲ့နေရာ၊ မီးလိုင်းတွေသွယ်ရင်

ကုန်ကျစရိတ်များမယ့်နေရာ အဲ့ဒီနေရာတွေမှာ ဆိုလာစနစ်တပ်ဆင်လိုက်တော့ လျှပ်စစ်မီတာကုန်ကျမှု သက်သာစေမှာဖြစ်ပါတယ်။ လတ်တလောကာလမှာတော့ ဆိုလာစနစ်တပ်ဆင်လိုက်တဲ့အတွက် ကုန်ကျစရိတ်များမယ်။ ဒါပေမယ့် နှစ်ပေါင်းကြာရင်တော့ ဈေးနှုန်းက သက်သာသွားမှာဖြစ်ပါတယ်” ဟု၎င်းကပြောကြားသည်။ မိုဘိုင်းတာဝါတိုင်များတွင် ဆိုလာစနစ်တပ်ဆင်ခြင်းအားဖြင့် လတ်တလော ရင်းနှီးမြှုပ်နှံမှုများပြားသောလည်း နှစ်ပေါင်း ၂၀၊ ၂၅ ၀န်းကျင်အထိ ထပ်မံကုန်ကျစရိတ် ရှိတော့မည်မဟုတ်ကြောင်းသိရသည်။ထိုကဲ့သို့မိုဘိုင်းတာဝါတိုင်များ၌ဆိုလာစနစ်တပ်ဆင်ခြင်းကို မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းနှင့်OkMyanmarကုမ္ပဏီ၊SolarHutကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။ လျှပ်စစ်မီး အလွယ်တကူမရရှိသော နေရာအနှံ့ရှိ မိုဘိုင်းတာဝါတိုင်များ၌ ထိုကဲ့သို့ ဆိုလာစနစ်တပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုတပ်ဆင်ထားသည့် နေရာလေးခု၌ အသုံးပြုသည့်ဆိုလာပြားများမှာ SANYO အမှတ်တံဆိပ် 230W များဖြစ်ပြီး တာဝါတိုင်တစ်ခုလျှင် ဆိုလာပြားအချပ်သုံးဆယ် တပ်ဆင်ရကြောင်း၊ လက်ရှိအချိန်တွင် သရက်မြို့နယ်ရှိစက်တောင်၊မင်းတုန်း၊ကံမတို့ကိုအကောင်အထည်ဖော်ပြီးဖြစ်ကာ အောင်လံရှိအောင်မြေ
ကုန်း၌ ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

Post a Comment